ရွှေနတ်သား
2010-04-28
ခံလိုက်ရခြင်း
တခါကပေါ့ ဗျာ..မြို့ တော်ကြီးမှာ အီလက်ထေ၇ာနစ်၇ှိုးပွဲ ကျင်းပတယ်ဆိုလို့ ကျွန်တော်မောင်တောသားလည်းမယောင်လည်သွား၇ှိုးတာပေါ့ ဗျာ...အ၀င်မှာလည်း ၇ှာလိုက်ဖွေလိုက်တာဗျာ...ဓာတ်လိုက်မှာတောင်စိုးတယ်
နောက်ဆုံးတော့လည်း ခန်းမထဲ လည်တယ်တယ်နဲ့ေ၇ာက်သွားတာပေါ့...အားပါးမိုက်တယ်ဗျာ..ေ၇ေ၇လည်
လည်မိုက်တယ်..နိင်ငံခြားများေ၇ာက်သွားသလားထင်မိတယ်ဗျာ...နောက်ဆုံးပေါ်တွေကြီးဘဲ...ဗျာ..စက်တွေလား..အဲဒါတော့သိဘူးဗျ..တောသားသိတာတော့၇ှိုး၇ွမ်းကကောင်မလေးတွေပြောတာ..စက်တွေကတော့ နောက်မှကြည့်မယ်လေဗျာ...တောသားတော့ နိုင်ငံကြီးမှာ ဒီလောက်တိုတက်နေကြပြီဆိုတာ အခုမှာသိတော့
တယ်ဗျာ..အသိနောက်ကျလေခြင်း..ဒီလို မှန်းသိ နေ့ တိုင်းလာကြည့်ပါတယ်ဗျာ...အခုတော့နောက်ဆုံးနေ့ မှ
လာကြည့်ဖြစ်တယ်လို့ ...ငိုတောင်ငိုချင်သွားတယ်.
ဒီလိုနဲ့  မ၀ယ်နိင်သောအ၇ာများကို သွား၇ည်ကျအောင်လိုက်ကြည့်တာပေါ့..အာ တောင်တွေးမြောက်တွေးမတွေးပါနဲ့ ဗျာ..တောသားပြောတာ သူတို့ေ၇ာင်းနေတဲ့ စက်တွေ ဘာတွေ ပြောတာဗျ...တခန်းပြီးတစ်ခန်းဝင်ကြည့်  ..ပေးသမျှ စာ၇ွက်တွေ တထပ်ကြီး.ယူ..လက်ဆောင်ကျတော့
ဝယ်မှတဲ့ ..ဟင်း.. ကောင်မလေးတွေကလည်း လှလိုက်တာဗျာ...ဒါပေမဲ့ သူတို့ ကုမ်ပဏီကလည်းဗျာ
ကပ်စီးကိုနည်းတယ်..ကောင်မလေးတွေကို ၀တ်စုံချုပ်ဖို့ အစလုံလုံလောက်လောက်မပေးဘူးနဲ့ တူတယ်
ကောင်မလေးတွေကလည်းေ၇ာင့်၇ဲ ပါတယ်..၇သလောက်နဲ့ ဘဲချုပ်ဝတ်တတ်ကြပါတယ်...နည်းနည်းပါး
ပါးပေါ်တော့လည်းမတတ်နိင်ဘူးပေါ့ဗျာ
တောသားစိတ်ဝင်စားတာက အီလက်ထေ၇ာနစ် ဒစ်၇ှင်နယ်၇ီလေးတွေဗျ...သေးလည်းသေးတယ်..ဘာသာတွေလည်းအများကြီးပါတယ်..သီချင်းနားထောင်
လို့ လည်း၇တယ်...တော်တော်များများတခြားလုပ်လို့ ၇တာလေးတွေလည်းပါသေးတယ်ဗျ...သူငယ်ချင်း
နှစ်ယောက်ကလည်းဖုန်းဆက်ပြီးမှာထားတာ..သူတို့ လည်းလိုချင်လို့ ပေါ့လေ...ဒါနဲ့ တောသားလည်း
ခပ်တည်တည်နဲ့ ဝင်စပ်စု၇တာပေါ့...ကောင်မလေးတွေကလည်းသေချာ၇ှင်းပြပါတယ်...ဘယ်ဟာကဘယ်
လို ..ဘယ်ခလုပ်ကဘာလုပ်တာ..ဘာသာဘယ်နှစ်မျိုးပါတယ်ပေါ့...အိုကေ ကြိုက်သွားပြီပေါ့..၀ယ်မယ်
ဈေးဘယ်လောက်လည်းဆိုတော့ တစ်စက်ကို ဂဏန်းခြောက်လုံးပြည့်ဖို့ နည်းနည်းဘဲလို တယ်...တောသားကလည်းကြိုက်နေပြီဗျ..နောက်ဆုံး ၃လုံးယူမယ်ပေါ့ဗျာ..လက်ဆောင်က မန်မို၇ီကဒ်သေးသေးလေးတစ်ခု၇ယ်..တ၇ုတ်ကလာတဲ့ သာမိုဓာတ်ဘူး၇ယ်ပေးတယ်..တောသားလည်း
ပျော်တာပေါ့ဗျာ...ကျွန်တော်က စက်တွေထဲကိုသီချင်းလေးတွေသွင်းခိုင်ေးတာ့ သူတို့ က ခဏစောင့်ပါတဲံ
ထိုင်တော့မစောင့်ဘူးလို့ ..ပွဲထဲပတ်ငမ်း..အဲ လျှောက်ကြည့် အုံးမယ်လို့ ပြောပြီးထွက်လာခဲ့တယ်..
ပတ်လို့ ၀တော့ (အင်း ငမ်းတာလည်းပါတာပေါ့ဗျာ).အဲဒီဆိုင်ပြန်သွားတော့ အိတ်ကလေးတွေ
နဲ့ ထုတ်ပြီး စောင့်နေတယ်..တောသားလည်းသွားစ၇ာ၇ှိသေးတော့မစစ်တော့ဘူးလေ..ယူပြီးပြန်လာခဲ့တာ
တောသားလည်းညနေေ၇ာက်တော့ ပင်လယ်ခြားတဲ့ နိုင်ငံလေးကိုထွက်ခဲ့ ၇တာလေ..ဒီေ၇ာက်တော့
မှာတဲ့ သူငယ်ချင်းတွေကို လည်းပေးလိုက်တယ်..အဲဒီစက်လေးတွေကို...၊၊တောသားလည်းဘိုလိုကသိပ်
မ၇တော့ တစ်ခုခုဆိုဖွင့်ပြီး၇ှာလိုက်နဲ့  အဆင်ပြေနေတာပေါ့၊၊။ အဲ ဗျာ.မကြာပါဘူး.ေ၇ာက်ပြီး တစ်လမပြည့် 
သေးခင်မှာတော့ စက်ကဖွင့်မ၇တော့ဘူး...အဲ...ကျန်ခဲ့ တာပြောဖို့ က..ဒီေ၇ာက်တော့မှဖောက်ကြည့်လိုက်
တော့ စက်တွေက အသစ်မဟုတ်ဘူးဗျာ..အစင်း၇ာတွေ..အခြစ်၇ာတွေကလည်းပါသေးတယ်..စက၇င်မှာ
အင်းဘာမှမပြောချင်ပါဘူး...သူတို့ သုံးနေတဲ့ နမူနာကိုထည့်ပေးလိုက်တယ်နဲ့ တူပါတယ်...ကိုယ်ကလည်း
ပတ်ငမ်းချင်တာကို ခံပေါ့ဗျာ...အဲဒီလို ဖွင့်မ၇တော့လို့ ဓတ်ခဲတွေလဲကြည့်တယ်..ဒါလည်းမ၇ဘူးဗျ..
နောက်ဆုံးသူတို့ ကုမ်ပဏီ ဆိုက်ကိုဖွင့်ပြီး မေလ်းပို့ တယ်..ဒီနေ့ ဆို ငါးလလောက်၇ှိပြီခင်မျ..ဘာမှကို
အကြောင်းမပြန်တာ...၇န်ကုန်ကသူငယ်ချင်းတစ်ယောက်ကိုဖုန်းဆက်ကြည့်တော့မှ အောင်မလေးဗျာ
အဲဒီပိုက်ပိုက်တွေ ဘီယာသောက်ပစ်လိုက်တာကမှ သေးပေါက်၇အုံးမယ်တဲ့ ..မင်းခံလိုက်ပေါ့တဲ့ 
သူလည်းဝယ်ဘူးတယ်တဲ့ ..ပျက်တာဘဲတဲ့ ခင်မျာ...ဆားဗစ်သွားတော့လည်း ပိုက်ဆံထပ်ပေး၇မယ်လို့
ပြောတယ်တဲ့ ...ဟိုဟာလဲ၇မယ်..ဒီဟာလဲ၇မယ်ဆိုပြီးပြောပါတယ်တဲ့ ဗျာ...ကျွန်တော့်သူငယ်ချင်းကလည်း
ယူဇာ အမှားမဟုတ်ဘူးပေါ့ ခင်မျာ...စက်ကိုကသူ့ ဘာသာသူဖြစ်နေတာဆိုပြီးငြင်းကြတယ်တဲ့ ...စာ၇ွက်ထဲ
မှာပါတဲ့  ၀န်ဆောင်မှုလည်းမ၇ပါဘူးတဲ့ ခင်မျာ..သူ့ သူငယ်ချင်းတွေလည်း ဒိအတိုင်းပါဘဲတဲ့ ခင်မျာ
တောသားလည်းစိတ်ပိန်သွားပြီဗျာ....ကုန်သွားတဲ့ ပိုက်ဆံကိုလည်းနှမြောသွားတယ်...သူတို့ ပြောတဲ့ 
ဟာတွေကို ယုံပြီးဝယ်မိတဲ့ ကိုယ့်ကိုကိုယ်လည်းစိတ်တိုတယ်ဗျာ...ဖုန်းဆက်ပြီးတော့ကို ကွိုင်၇ှာမယ်လို့ 
တွေးပေမဲ့ လည်း မလုပ်ချင်တော့ပါဘူးဗျာ...ကျွန်တော်တို့ နိင်ငံကြီးတိုးတက်ဖို့ လားဗျာ..ဒီလို ၀န်ဆောင်
မှု တွေ စိတ်ဓာတ်တွေနဲ့ ကတော့ တောသားတော့ မထင်မထင်.ပါခင်များ...သေချာတာကတော့ တနေ့ တခြား တို တက်မှာကတော့ လက်တွေ့ ပါခင်မျာ
လေးစားစွာဖြင့် 
ရွှေနတ်သား
အမြင်များ
တကယ်တမ်းဆို၇င်သူ့ ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ ပါဘူး၊၊ ကျောင်းတစ်ခု
မှာသူမကနာမည်ကြီးပေါ့၊၊ ရုပ်လည်းချောတယ်၊၊မိဘကလည်းကျိကျိတက်ချမ်းသာတယ်၊၊စာဆိုတာလည်း အမြဲ
နံပတ်တစ်၊၊ ဒီလိုမိန်းကလေးမျိုးတွေကိုကျွန်တော် စိတ်မ၀င်စား၇ဲပါ၊၊ကိုယ့်အကြောင်းလည်းကိုယ်သိနေတာကိုး
ကိုယ်ဆိုတဲ့ ကောင်က မိဘကလည်း လူလတ်တန်းစားထဲကလေ၊၊ သိပ်အဆင်း၇ဲ ကြီးမဟုတ်ပေမဲ့ လူတန်းစေ့ 
လောက်တော့ နေနိင်ပါတယ်၊၊ ကျွန်တော့်စိတ်ကလည်း ဒီလိုမိန်းကလေးမျိုးနဲ့ ချစ်ခွင့်၇လိမ့်မယ်လို့ တခါမှလည်းမတွေးဘူးပါဘူး၊၊ ကျောင်းကင်န်တင်း က ဆိုင်၇ှင်က သူတို့ အုပ်စုနဲ့ လည်းတော်တော်၇င်းနှီးတယ်၊၊ ကျွန်တော့်ကိုလည်းတော်တော်ခင်တယ်၊၊သူ အ၇င်ဆုံး ကျွန်တော့် စိတ်ကိုလာဆွပေးတာပါဘဲ၊၊ ဒီကောင်မလေး မိုက်တယ်ရည်းစားလည်းမ၇ှိသေးဘူး၊၊ မင်း ကြိုးစားပါ့လားပေါ့လေ၊၊ ကျွန်တော်ငြင်းတယ်ဗျာ၊၊ မိန်းကလေးတစ်ယောက်ကို စကားလိုက်ပြောဖို့ ဆိုတာကြီးကို၇ှက်တယ်ဗျ၊၊ကျန်တာကတော့ ပြောင်ပါတယ်..မျက်ခွက်က၊၊သူတို့ ကလည်းအုပ်စုကလည်းတောင့် တယ်၊၊ ကျွန်တော်တို့ ကလည်းအဲဒီကျောင်း
မှာ အကြီးဆုံးအတန်းလေ၊၊တက်လာတဲ့ ကျောင်းပါးက၀နေပြီဆိုတော့ လစ်တာနဲ့ ကင်န်တင်းမှာထိုင် ကျားထိုးသီချင်းနားထောင်၊ လေကန် နေကြတာ သူငယ်ချင်းတွေနဲ့ ၊၊ သူတို့ ကလည်း ကင်န်တင်းမှာ အုပ်စုလိုက် လာလာ ထိုင်နေကြတော့ ဘယ်သူဘယ်ဝါ ဘယ်အတန်းဆိုတာသိနေကြပြီလေ၊၊
ဒီလိုနဲ့ မျက်လုံးချင်းတွေကတော့ရင်းနှီးလာပြီ၊၊ဒါပေမဲ့ သူတို့ က ငယ်လည်းငယ်သေးတယ်ဆိုတော့လေ
သူတို့ ကိုယ်သူတို့ လည်းထင်တစ်လုံးတွေနဲ့ ပေါ့၊၊သိပ်လည်းဘယ်သူ့ မှဂရုမစိုက်ဘူးဆိုတဲ့ ကပုံနဲ့ လေ၊၊
ဒီလိုနဲ့ ကျွန်တော်သူ နားထောင်ဖို့ သီချင်းခွေလေးတစ်ခွေ ၊၊ ကျွန်တော်နဲ့ သူငယ်ချင်းနှစ်ယောက်က
ကင်န်တင်းမှာထိုင်နေတုန်းသူ့ သူငယ်ချင်းတွေက ဖွင့်ထားတဲ့ အခွေကိုဆွဲထုတ်ပြီး တိပ်တွေကို အခွေကနေ
ဆွဲထုတ်ပြီး လွှင့် ပစ်လိုက်တယ်၊၊ ဘေးကသူငယ်ချင်းက ထချဲတော့မယ်၊၊ ကျွန်တော်စာအုပ်ဖတ်နေတယ်
သူတို့ စောင်းမြောင်းပြောနေတာလည်းကြားတယ်၊၊သူငယ်ချင်းကို အေးဆေးနေဖို့ ဘဲပြောလိုက်တယ်၊၊
ကောင်မလေးကတော့ဘာမှဝင်မပြောပါဘူး၊၊ တားလည်းမတားဘူး၊၊ အဲဒီနေ့ မှာဆုံးဖြတ်ချက်ချလိုက်တယ်
သူ့ ကိုကျွန်တော်၇အောင်လိုက်မယ်လို့ ၊၊ သူငယ်ချင်းတွေကပြောပါတယ်၊၊မင်းဘယ်လိုနည်းနဲ့ မှ၇မှာမဟုတ်
ပါဘူးတဲ့ ၊၊ စောင့်ကြည့်လို့ သာပြောပြီး...ကျွန်တော်ချဉ်းကပ်တယ်၊၊နောက်ဆုံးဗျာ..ကျွန်တော်အဝေးကြီးကို
ထွက်သွားခါနီး မှသူ့ ဆီက အဖြေ၇လိုက်တယ်၊၊ ကျွန်တော်ကကျောင်းပြီးသွားပြီ..အဲဒီအချိန်မှာ ..ကျွန်တော်
တော်တော်ပျော်ခဲ့ တယ်၊၊ သူ့ ကိုလည်းတကယ်ချစ်မိတယ်၊၊ သူ့ ကို အမြဲ ပျော်ရွှင်အောင်ထားခဲ့ တယ်၊၊
သူ့ သူငယ်ချင်းတွေကိုလည်းခွင့်လွှတ်လိုက်တယ်၊၊ ကျွန်တော်တို့ ကြားမှာ၇န်ဖြစ်တာမျိုး..စိတ်ကောက်တာ
မျိုး..ဘယ်တုန်းကမှမ၇ှိခဲ့ ဘူး၊၊ဘယ်သွားသွား ..သူ့ သူငယ်ချင်းတွေေ၇ာ..ကျွန်တော့်သူငယ်ချင်းတွေပါ
အမြဲ ပါတယ်၊၊ တကယ်လည်းသူကျွန်တော့်အပေါ်ချစ်ပါတယ်၊၊ ကျွန်တော်ဗိုက်တွေသိပ်ဆာနေတဲ့အချိန်
ဆို သူခွံ့ ကျွေးခဲ့ တာ၊၊ သူငယ်ချင်းတွေမနာလို၇လောက်အောင်သူ ကျွန်တော့်ကိုချစ်ခဲ့ တာ၊၊ သူ့ မိသားစု
အိမ်တွင်းေ၇းကြောင့် သူမျက်၇ည်တွေကိုကျွန်တော်သုတ်ပေးပြီးနှစ်သိမ့် ၇ဘူးတယ်၊၊ကျွန်တော်တို့ နှစ်
ယောက်ကြားမှာ ဘယ်လိုအခက်အခဲတွေ၇ှိ၇ှိ ..အတူ၇င်ဆိုင်မယ်လို့ သူကတိတွေပေးခဲ့ တာ၊၊ ကျွန်တော့်
အတွက်လည်းသူဟာ ဘု၇ားပေးတဲ့လက်ဆောင်ပါဘဲဗျာ၊၊ ဒီလိုနဲ့ သူေ၇ခြားမြေခြား ခ၇ီးတစ်ခုထွက်သွား
တယ်၊၊ အဲဒီကပြန်လာတာနဲ့  သူ့ သူငယ်ချင်းတွေကနေတဆင့် ကျွန်တော့်ကို အဆက်ဖြတ်လိုက်တဲ့ စကား
လေး လျှပ်စီးလိုင်းလေးကတဆင့် ပြောခိုင်းလိုက်တယ်၊၊ ကျွန်တော် နောက်တက်နေတဲ့ ကျောင်းတစ်ခု၇ဲ့ 
စာမေးပွဲတွင်းကြီးမှာ၊၊ ဖုန်းပြောပြီးတာနဲ့  စာကိုဘဲပြန်အာရုံစိုက်တယ်၊၊ နှလုံးသားေ၇းထက် အဲဒီအချိန်မှာ
ဘ၀အတွက်ကအေ၇းကြီးတယ်လေ၊၊ စာမေးပွဲပြီးတော့ မြို့ ကိုပြန်လာတယ်၊၊ သူ ကျွန်တော့်ကိုထပ်မဆက်
သွယ်တော့ဘူး၊၊ ကျွန်တော်ကလည်း မဆက်သွယ်ဘူး၊၊ အဲဒီလိုနဲ့ ဝေးသွားကြတယ်၊၊ ကျွန်တော့် သူ့ ကြောင့်
မျက်၇ည်မကျခဲ့ ဘူး၊၊ အ၇က်တစ်ခွက်မှမသောက်ခဲ့ ဘူး၊၊ သူ့ သတင်းတွေကြားတယ်၊၊ သူ အိမ်ထောင်မြ ပု
တော့ဘူးဆိုတဲ့ အကြောင်း၊ အဆက်ဖြတ်လိုက်၇ပေမဲ့ ကျွန်တော့်ကိုသာချစ်နေမဲ့ အကြောင်း၊ကျွန်တော်
ကြားအောင်သူ ဖန်တီးခဲ့ တယ်၊၊ထူးဆန်းစွာဘဲကျွန်တော်ဘယ်လိုမှမခံစား၇တော့ဘူး၊၊နောက်ဆုံးကြတော့
သူ အိမ်ထောင်ြ ပုပြိးဟိုးအဝေးကြီးမှာသွားနေတော့မယ်ဆိုတာသိလိုက်၇တယ်၊၊တကယ်လည်းသူအိမ်
ထောင်နဲ့  အဝေးကြီးကိုသူလိုက်သွားတယ်၊၊သူ့ စိတ်ထဲမှာကျွန်တော် ၇ှိနေခဲ့ သလား၊၊ ချစ်ခဲ့ တယ်ဆိုတာတွေ
ကော သူ ဘယ်လိုမေ့ ပစ်လိုက်လည်း ..အတွေးပေါင်းများစွာနဲ့ ကျွန်တော်ကတော့ အခုထိတိုင်ပတ်နေဆဲ ပါ၊၊
ကျွန်မသူ့ ကိုစတွေ့ တည်းကသတိထားမိတယ်၊၊ သူ့ ပုံကြည့်၇တာ ခပ်ပျော်ပျော်နေတတ်ပုံ
ဘဲလေ၊၊ ကြည့်လိုက်၇င် သူငယ်ချင်းတွေတ၇ုန်း၇ုန်းနဲ့  ၇ီစ၇ာတွေဖြစ်နေကြတာကိုး၊၊ ကင်န်တင်းက ပိုင်၇ှင်
မောင်နှမကလည်း ကျွန်မကို သူနဲ့  စကြနောက်ကြတယ်၊၊ ကျွန်မဘ၀မှာ တကယ်ကိုလိုလေသေးမ၇ှိဘူးလေ၊၊
ကျွန်မလိုချင်၇င် အားလုံးအဆင်သင့်ကိုး၊၊ ကျွန်မသွားလေ၇ာ တစ်ကောက်ကောက်လိုက်နေကြတဲ့ ကောင်
လေးတွေ အများကြီး၊၊ စိတ်တောင်ညစ်တယ်၊၊ အိမ်ေ၇ှ့ မှာလည်း လျှောက်ပြန်သံပေး တွေကလည်းတစ်ပုံတစ်
ပင်၊၊သူ ကရုပ်ကလည်းမဆိုးပါဘူး၊၊ ဒါပေမဲ့ ..မျက်လုံးချင်းဆုံမိ၇င် လွှဲလွှဲသွားတတ်တယ်၊၊ သူငယ်ချင်းတစ်ချို့ 
ကတော့ ဘာမှမပြောကြပေမဲ့  တစ်ချို့ ကတော့ သူ့ ကိုကြည့်မ၇ဘူး၊၊ ဘာလို့ လည်းဆိုတော့လည်း နေ၇င်းထိုင်
၇င်းကိုကြည့်မ၇တာတဲ့ ၊၊ သူတို့ အုပ်စုက မိန်းကလေးတွေေ၇ာ၊ ယောက်ျားလေးတွေေ၇ာ အများကြီးဘဲ၊၊
သူ့ ဆို သူတို့ တစ်တန်းလုံးက ခင်မင်ကြတယ်၊၊ အတန်းမတူတဲ့ ကျောင်းသားတွေကလည်းသူနဲ့  တွဲနေကြ
တာဘဲ၊၊ သူ ကကျွန်မတို့ ကျောင်းမှာဘွဲ့ လွန်လာတက်နေတာလေ၊၊ မျက်စိလည်းနောက်စ၇ာကကောင်းတယ်
ဆိုင်ကယ်တွေတစ်ရုန်းရုန်းနဲ့ အုပ်စုလိုက်သွားလိုက်၊လာလိုက် နဲ့  နည်းနည်းတော့ကျွ့န်မလည်းကြည့်မ၇တာ
အမှန်ပါ၊၊ မနာလိုဖြစ်တယ်ပြောချင်လည်းပြောပေါ့လေ၊၊ သူချဉ်းကပ်ပုံကတော့ တခြားယောက်ျားလေးတွေ
လိုမဟုတ်ဘူး၊၊ အိမ်ေ၇ှ့ ကိုလုံးဝမဖြတ်ဘူး၊၊နောက်ကတစ်ကောက်ကောက်မလိုက်ဘူး၊၊ သူ့ေ၇ှ့ မှာကျွန်မ
တစ်ယောက်တည်း ထွက်သွား၇င်တောင်..သူ က ကျားထိုးမပျက်၊၊ဘယ်လိုမှန်းကိုမသိဘူး၊၊ ကျွန်မသူငယ်
ချင်းတွေသိသွားမှာလည်းစိုး၇သေးတယ်၊၊သူနဲ့ ကျွန်မနဲ့ ကြားမှာ အောင်သွယ်တော်က ကင်န်တင်းက ဆိုင်
၇ှင်မောင်နှမနှစ်ယောက်၊၊ သူတို့ ကနေတဆင့် စာလေးတွေဖတ်၇တယ်၊၊ ရည်းစားစာတဲ့ ချစ်တယ်ကြိုက်တယ်
လည်းမပါ၊၊ ဘယ်လိုစာမှန်းကိုမသိ၊၊၇ိုးနေအောင်ဖတ်ဘူးတဲ့ ၇ည်းစားစာတွေနဲ့ တော့ တခြားစီပေါ့လေ၊၊
ကျွန်မကတော့စာပြန်မေ၇းပါဘူး၊၊ မျက်လုံးချင်းလေးတွေတော့ ဆုံဖြစ်တယ်၊၊ အဲဒီအဆင့်ကနေမတက်လာပြန်
ဘူး၊၊ သူကျောင်းပြိးသွားတော့ အဝေးကိုထွက်သွားခါနီး စာတစ်စောင်ေ၇ာက်လာတယ်၊၊ သူ ကွဲကွဲပြားပြားသိ
ချင်တယ်တဲ့ ၊၊ အဲဒီအချိန်မှာကျွန်မစိတ်ထဲမှာလည်း သူ ၇ှိနေပြီထင်တာဘဲ၊၊သူ့ ကို ခေါ်တွေ့ ပြီး အဝေးကိုမ
ထွက်သွားဖို့  ပြောခဲ့ တယ်၊၊ အဲဒီနောက်တော့ ကျွန်မတို့  ချစ်သူတွေဖြစ်သွားကြတယ်ပေါ့လေ၊၊ သူနဲ့ တွေ့ 
၇၇င် ကျွန်မအမြဲ ပျော်နေတယ်၊၊ ရည်းစားဘ၀မှာ ကျွန်မကဘဲ ချိန်းနေ၇ပြန်ေ၇ာ၊၊ဘာလို့ လည်းဆိုတော့
ကျွန်မအပြင်ထွက်ခွင့်၇တဲ့ အချိန်က ပြောလို့ မ၇ဘူးလေ၊၊ အပြင်ထွက်လို့ ၇ပြီဆိုတာနဲ့ သူ့ ကိုဖုန်းဆက်
၇တာဘဲ၊၊သူကလည်း အလုပ်ထဲကနေထွက်လာ၇တာဆိုတော့ အားတော့နာတယ်၊၊ ဒါပေမဲ့ သူအလုပ်
ကလွှဲခဲ့ လို့ ၇သေးလို့ တော်သေးတယ်တဲ့၊၊ အချိန်ကလည်းသိပ်တော့ကြာကြာမ၇ဘူးလေ၊၊ သူအလုပ်ပိတ်
တဲ့ ၇က်တွေဆို နည်းနည်းဝေးဝေးလံလံလျှောက်သွားကြတယ်၊၊ သူငယ်ချင်းတွေေ၇ာပေါ့၊၊ ကျွန်မလေသူ့ ကို
တကယ်ချစ်ပါတယ်၊၊ သူ့ ကိုလည်းကတိတွေပေးဘူးတယ်၊၊ နောက်ဆုံးကျွန်မအိမ်ကသိသွားတော့ တားပါ
တယ်၊၊ ကျွန်မကိုယ်တိုင်ကလည်း သေချာပြန်စဉ်းစားတယ်၊၊ ဘ၀ဆိုတာနှလုံးသားနဲ့ ဆုံးဖြတ်လို့ မှမ၇တာ
လေ၊၊ ဦးနှောက်ကလေးလည်းသုံး၇မှာပေါ့၊၊ ကျွန်မသူနဲ့ ယူလိုက်၇င်.အိမ်ကစိတ်ဆိုးမယ်၊၊ မိဘဆိုပေမဲ့ 
စိတ်ဆိုးနေတုန်း အချိန်မှာတောင် ဒုက္ခေ၇ာက်နေမှာလေ၊၊ ကျွန်မနဂိုတည်းက အ၇ာ၇ာအဆင်သင့်နေလာ
ခဲ့ တာအဲဒီ လိုမျိုးဒုက္ခတွေတကယ်ကြုံလာ၇င် ကျွန်မခံနိုင်ပါ့မလား၊၊ သူ ကအ၇ည်အချင်း၇ှိတဲ့ လူတစ်ယောက်
ဆိုပေမဲ့ လောလောဆယ်တော့ ရုန်းကန်နေ၇တဲ့ လူလေ၊၊ အဆင်ပြေဖို့ ဆိုတာဘယ်လောက်ထိစောင့်၇အုံးမ
လည်း၊၊ ချစ်တော့လည်းချစ်ပါတယ်၊၊ ကျွန်မလည်း မိဘစိတ်ဆင်း၇ဲအောင်တစ်ခါမှမလုပ်ဘူးဘူးလေ၊၊ သူ့ ကို
ချစ်မိတာတောင်မှ တော်တော်ကို အ၇ဲစွန့် ပြီးချစ်ခဲ့ ၇တာ၊၊အိမ်ကသိသွားတော့ ကျွန်မလေစိတ်ညစ်လိုက်၇တာ
အိမ်ကလည်း သဘောတူထားတဲ့ လူနဲ့ တွေ့ ပေးတယ်၊၊ အဲဒီလူကတော့ ကျွန်မချစ်သူထက်အများကြီးသာတာ
ပေါ့၊၊ အစစအ၇ာ၇ာသာပါတယ်၊၊ ရုပ်၇ည်လည်းမဆိုးပါဘူး၊၊ အိမ်ထောင်ဘက်ကောင်းဖြစ်နိင်ပါတယ်၊၊ ကျွန်မ
ဆုံးဖြတ်ချက်ချပြီး ချစ်သူကိုဖြတ်လိုက်ပါတော့တယ်၊၊ အဲဒီလိုလုပ်လို့ ကျွန်မကို၇က်စက်လိုက်တာလို့ ပြောမလား
ပြောချင်သလိုသာပြောပါတော့၊၊ တကယ်တန်း ဘ၀က အချစ်နဲ့ ဘဲပြီးသွားတာမှမဟုတ်တာ၊၊ ဒါပေမဲ့  ကျွန်မ
သူ့ ကိုချစ်ခဲ့ ပါတယ်၊၊ ချစ်နေတဲ့ အချိန်အတွင်းမှာလည်း သူ့ ၇ဲ့ အကောင်းဆုံးချစ်သူဖြစ်အောင်နေခဲ့ပါတယ်၊
ကျွန်မနှလုံးသားကို အလှည့်ပေးပြီပါပြီ၊၊ ကျွန်မဘ၀အတွက်လည်း ပြန်စဉ်းစား၇အုံးမယ်လေ၊၊ အိမ်ကသဘော
တူတဲ့ သူနဲ့ လည်း အဆင်ပြေနေပြီဘဲလေ၊၊ ကျွန်မအတွက်ကတော့ မိဘလည်းစိတ်ချမ်းသာ...ကျွန်မလည်း
ဘ၀အတွက်အဆင်ပြေ၊၊ အားလုံးကောင်းဖို့ဘဲလေ၊၊ ချစ်သူ အတွက်တော့စိတ်မကောင်းပါဘူး၊၊ ဒါပေမဲ့ 
ကျွန်မသူ့ ကိုယုံကြည်ပါတယ်၊၊ မိန်းမတစ်ယောက်အတွက်တော့ ကျွန်မချစ်သူက ဘ၀ ပျက်ခံမှာမဟုတ်ဘူး
ဆိုတာ ကျွန်မကောင်းကောင်းသိပြီးသားပါ၊၊ နောင်တစ်ချိန်တော့ သူလည်း အိမ်ထောင်ဖက်နားလည်ဖော်
ကောင်းကောင်းနဲ့ဆုံတွေ့ ဦးမှာပါ၊၊ ဘ၀တွေခြားသွားပြီဆိုပေမဲ့ လည်း...အတိတ်တွေဆိုတာကတော့ အမြဲ
ထင်ကျန်နေခဲ့ မှာဘဲလေ၊၊ အခုတော့ ဘ၀အသစ် ..ေ၇မြေအသစ်မှာ အခြေကျအောင်ကြိုးစားနေ၇င်းနဲ့ 
ကျွန်မတို့ နှစ်ဦးလည်းကြာလာတော့ မေ့သွားကြမှာပါ၊၊
လေးစားစွာဖြင့်
ရွှေနတ်သား
2010-04-25
လွမ်းတဲ့  မြို့ 
ဟိုး အဝေးမှာမြင်နေရတဲ့ တောင်တန်းတွေရဲ့ နောက်မှာငါ့မြို့ လေးပုန်းနေတယ်ကွာ၊၊ သိပ်ကို
လှပတဲ့ မြို့ ...ထင်းရှူးတောင်ကုန်းလေးတွေ...မစိုက်ဘဲပွင့်ပေးနေတဲ့  အလေ့ ကျပန်းလေးတွေနဲ့  သိပ်ကိုအလိုက်သိတဲ့ မြို့ လေး၊၊ မနက်ဆို စောစောမထချင်တဲ့ ငါ့အတွက် နောက်ကျမှနေထွက်ပေးတဲ့ မြို့ လေးငါသိပ်ကြိုက်တဲ့  နှင်းတွေဝေ နေအောင်ဖန်တီးပေးထားတဲ့ မြို့ လေး၊၊လမ်းတွေ့ သမျှ လူကိုဟက်ဟက်ပက်ပက်ပြုံးပြခွင့် ၇ှိတဲ့ မြို့ လေး၊၊ညနေဆိုလမ်းပေါ်မှာစိန်ပန်းတွေ ခင်းပေးထားတဲ့ မြို့ လေး၊၊နင်နဲ့ လက်လေးတွဲပြီးလျှောက်ဖို့  လမ်းလေးတွေပြင်ဆင်ပေးထားတဲ့ မြို့ လေး၊၊ ညဖက်ဆိုစောစောတိတ်လို့  ကောင်းသောအိပ်စက်ခြင်းကိုယူလာပေးတဲ့ မြို့ လေး၊၊အနေအေးပေမဲ့ နွေးထွေးလှတဲ့ အငွေ့ အအသက်တွေနဲ့ လွှမ်းခြုံပေးထားတဲ့ မြို့ လေး၊၊လူတန်းစားမခွဲခြားတတ်တဲ့ မြို လေး၊။အေ၇ာင်စုံလိပ်ပြာတွေ အသက်ဝင်နေတဲ့ မြို့ လေး၊၊ ဘာသာတ၇ားတွေစည်းလုံးချစ်ခင်ကြတဲ့ မြို့ လေး၊။ပေါ့ကျတစ်ခွက်နဲ့ စိတ်အေးလက်အေးထိုင်လို့ ၇တဲ့ မြို့ လေး၊၊ပေါက်ကွဲနေတဲ့ အိတ်ဇောသံရန်ကဝေး
တဲ့ မြို့ လေး၊၊ကြိုက်တတ်ရင် ငြိမ့် ငြိမ့်လေးလွင့်နေလို့ ၇တဲ့ ညနေတွေ ရှိနေတဲ့ မြို့ လေး၊၊ကလောက်ကနေ
ပြောင်းသွားတဲ့ ငါမြို့ လေး၊၊ပြန်လာမယ်..ငါမြို့ လေးေ၇..ငါပြန်လာခဲ့ မယ်...
လေးစားစွာဖြင့်
ရွှေနတ်သား
2010-04-23
တစ်ချက်လေးစောင်းငဲ့ ကြည့် ဦး
ဖတ်မိတဲ့ သူတွေကတော့ စဉ်းစားကြပါလိမ့်မယ်..ဒီကောင်တော့ သီချင်းခေါင်းစဉ်ကြီးနဲ့ ဘာပြောမလို့ လည်းဆိုပြီး ..ဟုတ်ကဲ့ ခေါင်းစဉ်ကို ယူထားတာပါပဲ ..၇င်ဖွင့် ချင်တာကတော့ အကိုတစ်ယောက်လိုခင်မင်၇ပါသော ကို ဇော် ကြောင့် ပါ...ကိုဇော့် ဘလော့မှာတင်ထားတဲ့ ပိုစ်တစ်ခုကိုဖတ်လိုက်၇ပြီး အ၇မ်းကိုဝမ်းသာ၇လို့ ပါ..သူများမျက်၇ည် ကိုယ်မျက်ဝန်းမှာကျဘူးလားဆိုတဲ့ ပိုစ့် လေးပါ..အ၇မ်းကိုကောင်းပြီးအ၇မ်းကိုလေးစားမိပါတယ်...လူကြီးတော်တော်များများကပြောကြပါတယ်..အခုခေတ်လူငယ်လေးတွေ
ပေါ်ပေါက်လာပါစေလို့ ...တစ်ချက်လေးတော့စောင်းငဲ့ ကြည် စေချင်ပါတယ်.မေ့လျော့ နေသူတွေေ၇၇၇၇၇
လေးစားစွာဖြင့်
ရွှေနတ်သား
မိုင်တိုင် အမှတ် သုံးဆယ်
ဟိုးလွန်ခဲ့ တဲ့ 
၇က်ပေါင်း တစ်သောင်းကျော်က
ဒီ ကမ္ဘာပေါ်ေ၇ာက်လာခဲ့ တယ်
ပြန်စောင်းငဲ့ကြည့်တော့
တချို့  မှတ်တိုင်တွေက ပြုံးပြကြတယ်
တချို့ မှတ်တိုင်တွေက အားပေးကြတယ်
တချို့ မှတ်တိုင်တွေက မဲ့ ရွဲ့ ပြတယ်
တချို့ မှတ်တိုင်တွေလှောင်ြ ပုံးပြုံးတယ်
တချို့ မှတ်တိုင်တွေကအတင်းပြောတယ်
တချို့ မှတ်တိုင်တွေက ဟားတိုက်ကြတယ်
ဘာဘဲဖြစ်ဖြစ် ငါ ကျေနပ်တယ်
ငါ့ ခံတပ်က အတ္တ စစ်သည်တွေနဲ့ 
ငါ့ကိုယ်ငါလည်း လုံ လုံ ခြုံ ခြုံ ဖွက်ထားတယ်
မတတ်ချင်ဘဲအသင်ခံ၇တဲ့ မာယာတွေထဲ
ပျော်ဝင်နေမှန်းသိပေမဲ့ ၇ုန်းထွက်ဖို့ လည်း
မသိချင်ယောင်ဆောင်နေမိတယ်
အမှတ်မ၇ချင်တဲ့  အမှတ်တ၇တွေနဲ့ 
ကွဲကျဘူးတဲ့  နှလုံးသားတစ်ခု၇ယ်...
မတောက်တစ်ခေါက် သညာတစ်ချို့ ကို
လောကကြီးက လက်ဆောင်ပေးတယ်၊၊
ရှေ့ခ၇ီးကို
မျှော်ကြည့်လိုက်တော့ လမ်းကပျောက်တယ်
ဘေးကြည့်လိုက်တော့ ချောက်ကမ်းပါးနဲ့ 
နောက်ပြန်ကြည့်တော့ ဓားထောက်ထားတယ်၊၊
ဖြစ်ချင်၇ာဖြစ် ငါ ဆက်လျှောက်မယ်၊၊
အသက်သုံးဆယ်ပြည့်မွေးနေ့ တုန်းကရေးထားတာပါ
လေးစားစွာဖြင့်
ရွှေနတ်သား
ဒဏ်၇ာ
အလွမ်းဇာတ်ထုပ်ကို
တခန်း၇ပ်တစ်ပုဒ်လိုလိုက်ကာချ
မေ့ထားပြီလို့ ကိုယ့်ကိုယ်ကိုညာ
ယောင်ယမ်းကာပြန်ဖွင့်ကြည့်တော့
စတွေ့ တဲ့ နေ့ က
နင်သိပ်လှနေခဲ့တာပါ၊၊
နင့်ဘေးနားကသူငယ်ချင်းတွေ
မဲ့ ရွဲ့ ကာ ဟားတိုက်ကြလည်း
ပေစောင်းစောင်းငါကိုက
မိုက်လုံးကြီးခဲ့တာ၊၊
သိပ်လှတဲ့ နှုတ်ခမ်းတစ်စုံက
ချစ်တယ်ဆိုတဲ့ စကား
တောင့်တတာပြောမိပြန်တော့
နင်သင်ပေးခဲ့တာ
(ချစ်တယ်ဆိုတာပါးစပ်ကပြောဖို့ လိုသေးလားကို၇ယ်)
အေးပေါ့လေ
အချစ်ဆိုတာကိုယုံကြည်မိတဲ့ ငါ၊၊
နင်ပထမဆုံး အဝေးကြီးသွားတုန်းက
အလွမ်းဆိုတာ နဖူးတွေ့ ဒူးတွေ့ ခံစား
မြန်မြန်ပြန်လာစေဖို့ ငါလေကြိ တ်ဆုတောင်းနေခဲ့တာပါ
ဖုန်းဆက်တိုင်းမကိုင်တာက
အလုပ်တွေ၇ှုပ်နေလို့ ပါတဲ့
ဟောဒီက ငတုံးက နင့်ဘက်က စာနာ
နင်ပြောဖူးတဲ့ စကား
ဘယ်တော့မှခွဲမသွားပါ ဘူးတဲ့
ဒီ၇င်ဘတ်ကြီးကတွေးတိုင်းအခုတော့ ၇င်နာ၊၊
မေ့ပစ်လိုက်ပါတော့လို့ 
နောက်ဆုံးအပြုံးနဲ့ 
နင်ထားသွားခဲ့တာ၊၊
မတန်တာမှန်းချင်တာကိုး
နည်းတောင်နည်းသေးတယ်လို့ 
လှောင်ပြောင်တဲ့ အပြုံးတွေကြားမှာ
ငါဘယ်လို မျက်နှာနဲ့ နေခဲ့၇လည်း
နင်မှစိတ်မ၀င်စားတော့တာ၊၊
အခုအချိန်မှာ နင်နဲ့ ငါ
ကမ္ဘာကြီး ၇ဲ့  တဖက်စီမှာ
အလွမ်းဇာတ်ထုပ်ကို ဖြေမိတာ
နင်သိ၇င်လေ ဟားတိုက်ပါ၊၊
ဒီကဗျာလေးက ကျွန်တော်ဆိုက်တစ်ခုမှာတင်ထားသေးပါတယ်
ကိုယ်တိုင်ရေးခံစားချက်လေးမလို့ ပြန်တင်လိုက်တာပါ၊၊
အေ၇းအသားအားနည်းမှုအပေါ်နားလည်ပေးကြပါခင်မျာ၊၊
လေးစားစွာဖြင့်
ရွှေနတ်သား
သားတို့ ကိုလည်း သတိ၇ပေးပါ
သားနာံမည်ကတော့ ဖိုးထူးပါ...အင်း..ကျောင်းနာံမည်ကတော့ မြင့်ကျော်ပါ၊၊ ဒါပေမဲ့
အားလုံးက ဖိုးထူးဆိုတဲ့ အိမ်နာမည်ဘဲခေါ်ကြတော့လေ..နာမည်အ၇င်းတောင်မေ့ချင်ချင်ပါဘဲ၊၊
အကိုက ကျွန်တော့် အကြောင်းသိချင်လို့ ..ဟုတ်လား.၊၊ အကိုကလည်းကျွန်တော်တို့ ဘ၀က ဘာစိတ်ဝင်စားစ၇ာကောင်းမှာလည်း...ဒါပေမဲ့ အကိုသိချင်၇င်လည်းပြောပြပါ့မယ်၊၊
အသက်ကတော့ ၁၀ နှစ်ပါ အကိုေ၇၊၊ ကျောင်းလား ? ဟုတ် အကို
မနေတော့ဘူးလေ၊၊ မနှစ်က စပြီးကျောင်းထွက်လိုက်တယ်လေ၊၊ ဘာလို့ လည်းလို့ မေးတာလား၊၊
နေလိုမ၇တော့ဘူးလေအကို၇ဲ၊၊အမေကနေမကောင်းတော့ဈေးမေ၇ာင်းနိင်ဘူး၊၊အဖေကလည်း၇သမျှ အ၇က်သောက်နေတာ၊၊ အကိုပြောသလို ကျောင်းနေချင်တာပေါ့ ဗျာ၊၊စာတွေလည်းတတ်ချင်ပါ့၊၊ သူငယ်ချင်းတွေနဲ့ လည်း ကျောင်းတက် ၊စာကျက်နဲ့ ပျော်ပျော်ကြီးနေချင်တာပေါ့ အကို၇ယ်၊၊
ကျွန်တော် ငါးတန်းအောင်တက်နှစ်မှာဘဲ ကျောင်းဆက်မတက်ဖြစ်တော့တာ ၊၊အိမ်မှာက မောင်
နှမအားလုံး လေးယောက်၇ှိတာ၊၊ကျွန်တော်က အကြီးဆုံးလေ၊၊အငယ်ဆုံးလေးက အခုမှ တစ်နှစ်
သူ့ အထက် ညီမလေးက သုံးနှစ်၊ အောက်ကညီလေးက ခွန်နှစ်နှစ်၊ ညီလေးကိုတော့ကျောင်းထား
ပေးထားပါတယ်၊၊ စ၇ိတ်တွေကလည်းကြီးတော့ နှစ်ယောက်စာမတတ် နိင်ဘူးလေအကို၇ယ်၊၊
အဲဒါနဲ့ ကျွန်တော်လည်းညီလေးကိုငဲ့ ပြီးကျောင်းထွက်လိုက်တာလေ၊၊
ကျောင်းထွက်ပြီး မဆော့၇ပါဘူးအကို၇ယ်၊၊ မထင်ပါနဲ့ ၊၊ အ၇င်က အမေက ဈေးေ၇ာင်းထွက်တယ်
လေ၊၊ ၇ာသီစာ ပေါ့ ၊၊ အ၇င်းအနှီးကတော့ ဒီလိုဘဲ ကြံ၇ဖန်၇တာပေါ့ ၊၊ ကိုယ့်မှာက ဘာမှမှ မ၇ှိ
တာ၊၊ နေ့ ပြန်တိုးပေါ့ ၊၊ကျွန်တော်လည်း သေချားနားမလည်ပါဘူး၊၊လူကြီးတြွေေ့ပာနေတာကြား
ဖူးတာ၊၊အဲဒီတုန်းက ကျွန်တော်ကျောင်းတက်သေးတယ်လေ၊၊ တခါတလေ အမေက ကျောင်းနား
မှာလာေ၇ာင်းတယ်၊၊ ဒါပေမဲ့  ဆ၇ာတွေ ဆ၇ာမတွေက ယင်နားစာတွေ မေ၇ာင်း၇ဘူး ဆိုလို့ 
နောက်ပိုင်းလာမေ၇ာင်းတော့ဘူး၊၊ အမေကလည်းသူ့ေ၇ာင်းတာတွေကို သေချာလေးအုပ်ထား
တာပါ၊၊ ဘာလို့ ပေးမေ၇ာင်းတာလည်းတော့ကျွန်တော်လည်းမသိဘူးဗျ၊၊
အမေလည်း နေမကောင်းဖြစ်တာတွေများများလာတယ်၊၊ အဖေ
ကလည်းလက်သမားနောက်လိုက်လုပ်တယ်လေ၊၊ဒါပေမဲ့ အလုပ်မ၇ှိတဲ့ ၇က်က ခပ်များများပါ၊၊
အလုပ်မ၇ှိတော့ စိတ်ညစ်တယ် ဆိုပြီး အ၇က်ဘဲထိုင်သောက်နေတာဘဲ၊၊ အလုပ်က၇ှိပြန်၇င်လည်း
ပင်ပန်းတယ်ဆိုပြိးသောက်တာပါဘဲ၊၊ အကိုတို့ ကော..ပင်ပန်းလို့ လာတာလား၊၊ စိတ်ညစ်လို့ လာ
တာလား၊၊ မေးကြည့်တာပါအကို၇ယ်၊၊ အဖေ့ ကိုလည်း အကိုတို့ သောက်တဲ့ ဘီယာဆိုတာလေး
သောက်စေချင်လိုက်တာ၊၊..အော် အကိုကလည်း မကောင်းမှန်းတော့သိပါတယ်၊၊ပြောပြီးအကိုကျ
တော့ သောက်နေတာဘဲမလား၊၊
စီးပွာေ၇း အကြောင်းပြောပါဆိုလို့ ကျွန်တော်က ဘာသိမှာလည်း
အကို၇၊၊ မနက်စောစောထ ခြံကိုသွားတယ်လေ၊၊ ခြံဆိုတာ ငုံး ဥခြံပေါ့ အကိုကလည်း၊၊ ဟိုမှာ
ဥတွေ ယူုပြိး၇င် အိမ်မှာ အမေကေ၇နွေးအိုးတည်ပြီးစောင့်နေတယ်လေ၊၊ငုံးဥလေးတွေ ကျက်၇င်
အိတ်လေးတွေနဲ့ ထည့်ပြီးဗန်းလေးပေါ်တင်ပေးထားတယ်၊၊ ကျွန်တော်ကတော့ ထမင်းကြမ်းခဲ
နဲ့ ငါးပိ၇ည်ကြဲကြဲလေးစားပြီး၇င် တနေ့တာဈေးေ၇ုာင်းထွက်ပြီလေ၊၊ ကျွန်တော်တို့ နေတဲ့ နေ၇ာ
က မြို့ သစ်လေအကို၇ဲ့ ၊။ လိုင်းကားမစီးနိင်ပါဘူးအကို၇ယ်၊၊ ဒီလို ဘဲ ခြေကျင်လာ၇တာပေါ့
တခြား ကျွန်တော့်လို အိမ်နားလေးက တခြားသူတွေလည်းဈေးေ၇ာင်းထွက်ကြတယ်၊၊ ကိုယ့် 
နယ်မြေနဲ့ ကိုယ်ပေါ့၊၊ ဒါက ကျွန်တော့် အပိုင်လေ၊၊ ဒီဆိုင်က လူစည်တော့ မဆိုးပါဘူးအကို၊၊
အမြတ်လား.. တအားတော့ဘယ်မြတ်မလည်းအကိုရာ၊၊ နေ့ခင်းကြ
တော့ ဗိုက်ဆာတော့ တစ်ခုခုဝယ်စား၇သေးတယ်လေ၊။ ထမင်းနေ့ တိုင်းမစားနိင်ဘူး လေ၊၊
အဆာလည်းပြေ ၊ဗိုက်လည်းဝတဲ့ အသုပ်လိုမျိုးကိုစား၇တာဘဲ၊၊အမေကလည်းကျွန်တော်ပြန်လာ
မှ ဆန်ဝယ်၇မှာလေ၊၊ကျွန်တော်လည်း ကလေးဘဲလေ အကို၇၊ပျော်ချင်ပါတယ်၊ ဆော့နေချင်တာ
ပေါ့၊ သူများတွေလို လည်းကျောင်းတက်ချင်တယ်၊ ကျွန်တော်တို့ ထက်စာ၇င် ဟိုမိဘမဲ့ ကျောင်း
ကကလေးတွေကတော့ အလှူ၇ှင်တွေ၇ှိတော့ကျောင်းတက်နိင်ကြသေးတယ်လေ၊၊ကျွန်တော်တို့ 
ကို ဘယ်သူလာလှူမှာလည်းအကို၇၊၊ ကိုယ်လုပ်မှကိုယ်စား၇မှာပါအကို၇ာ၊၊
အမေ့ ကိုလည်းဆေးကုပေးချင်တယ်အကို၇ယ်၊၊ ပိုက်ဆံကလည်းမ၇ှိ
ဘူး၊၊၇ိုး၇ိုးသားသားဈေးေ၇ာင်းစားပါတယ်၊၊ တစ်ချို့ ကလည်း တောင်းစားတဲ့ သူတွေလို ဆက်ဆံ
တာတွေလည်း၇ှိတယ်၊၊ ငုံးဥပြုတ်လေး ၀ယ်ပါဦးဆို၇င် ငေါက်ထုတ်တယ်၊၊တစ်ချို့ ကတော့ ဈေး
ဆစ်တယ်၊၊သူတို့ ဝိုင်းလေးနား သွားပြီးဝယ်မလားလို့ စောင့်နေ၇ုင် တစ်ခုခုများ အလစ်သုတ်မ
လားထင်ပြီး စားပွဲထိုးကို ပြောခိုင်းတယ်၊၊ တစ်ချို့ ကလည်း ငုံးဥမ၀ယ်ဘဲ ပိုက်ဆံပေးတယ်၊၊
မယူချင်ဘူးအကို၊။ကျွန်တော် သူတောင်းစားမှမဟုတ်တာ၊၊ အ တယ်လို့ ပြောမှာလား
ရည်မှန်းချက် ဟုတ်လားအကို.. မပြောတတ်ပါဘူး၊၊ လောလောဆယ်
အမေနေကောင်းစေချင်တယ်၊၊ ဆေးကုပေးချင်တယ်၊၊ အဖေကိုလည်း သူကြိုက်တဲ့ အ၇က်တွေ
အများကြီးဝယ်ပေးထားချင်တယ်၊၊ ညီလေးတွေ နဲ့  ညီမလေးကို ပညာတတ်ကြီးတွေဖြစ်စေ
ချင်တယ်၊၊ကျွန်တော်တို့ အိမ်လေးလည်းပြင်ချင်တယ်အကို၊၊ မိုး၇ွာတော့မယ်၊၊ မလုံဘူးခေါင်မိုးက
မိုး၇ွာ၇င်ေ၇တွေယိုတယ်ဗျ၊၊ စု၇မယ်....တနေ့ တနေ့ တောင် ဆန်ဖိုးနဲ့ ဟင်းဖို့ တောင်အနိုင်နိင်
အကိုကလည်း၊၊ဘယ်လို စုလို့ ၇မှာလည်း၊၊ အင်းပေါ့လေ..ထီထိုးမယ် အကိုေ၇.. ထီပေါက်၇င်
ငုံးခြံ အကြီးကြီးထောင်မယ်၊၊ အဖေနဲ့ အမေနဲ့ မောင်နှမတွေကို ကောင်းကောင်းထားမယ်၊၊
ကြက်သားဟင်းနေ့ တိုင်းစားမယ်လေ၊၊ ကျွန်တော်ကတော့ ညနေဆို အကိုတို့ လို ပင်ပန်းတယ်
ဆိုပြီး ဘီယာနေ့ တိုင်းလာသောက်မယ်လေ၊၊ကျန်တာလည်း ကျွန်တော် မသိပါဘူး အကိုေ၇
အားပေးတာလည်းကျေးဇူးတင်ပေါ့၊၊ ဟိုဘက်ဝိုင်းတွေ သွားေ၇ာင်းကြည့် လိုက်အုံးမယ်ဗျာ
အကိုမြို့သစ်ေ၇ာက်၇င်လာလည်လေ၊၊မြောက်ပိုင်းမှာ ဖိုးထူးတို့ အိမ်ဆိုမေးလိုက်ပေါ့
ပြောသာပြောတာ အကိုတို့ လည်း ဒီကပြန်၇င် ကျွန်တော်ပြောတာတွေ မေ့သွားမှာပါ၊ကဲ သွားပြီ
အကိုေ၇..အားပေးတာကျေးဇူးဗျို့ 
လေးစားစွာဖြင့် 
ရွှေနတ်သား
အိမ်လေးတစ်လုံးဖန်တီးခြင်း
မင်္ဂလာပါ၊၊လာလည်ကြတဲ့ မိတ်ဆွေသူငယ်ချင်းအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေလို့ 
ကျွန်တော်ရွှေနတ်သားမှနှုတ်ခွန်းဆက်သပါတယ်၊၊ ဒီနေ့ ဟာကျွန်တော့်၇ဲ့ အိမ်အသစ်လေးတစ်ခုကိုတည်ဆောက်
ခဲ့ တဲ့ နေ့ လေးတစ်နေ့ ဖြစ်ပါတယ်၊၊စာဖတ်ဝါသနာပါလို့ စာတွေဖတ်ရင်းကနေကိုယ့်၇ဲ့ အတွေးအမြင်လေးတွေ
မျှဝေခံစားချင်တာလေးတွေကိုဝါသနာတူသူငယ်ချင်းမိတ်ဆွေတွေကိုဖြန့် ဝေချင်တာမို့ အခုလိုကိုယ်ပိုင်အိမ်လေး
တစ်ခုတည်ဆောက်မိတာပါ၊၊အခုမှစတင်ဆောက်ပြီးတာမို့ အိမ်ကလေးရဲ့ အပြင်အဆင်၊အနေအထားတွေမှာ
ဘ၀င်မကျစရာများ၇ှိရင်လည်းလမ်းညွှန်ပြသပေးပါလို့ ကျွန်တော်ရွှေနတ်သားမှတောင်းဆိုပါရစေခင်မျာ၊၊
လေးစားစွာဖြင့်
ရွှေနတ်သား