ရွှေနတ်သား
2010-07-03
ခေါင်းစဉ်မဲ့ 
လေပြည် လေးတွေတိုက်ခတ်နေတဲ့ အချိန်တော့
ဒါ ရိုမန်တစ်ပြဇာတ်လည်းဖြစ်ချင်ဖြစ်နိင်တယ်
တချက် တချက်တော့ ဖုန်း ဒိုင်းခွမ်းနဲ့ 
ခပ်ကြမ်းကြမ်းအက်ရှင်ဇာတ်လည်းဖြစ်သွားနိင်သေး
အင်း မထင်ထားဘူးမလား
အလစ်ဝင်လာမဲ့ ထောက်လက်သီးတစ်လုံးတစ်လုံးကသင်ပေးလိမ့်မယ်
အားတော့နာပါတယ်..
ဘာမှ မတောင်းဆိုတော့နဲ့ 
ခင်များရောက်နေတာ သားသတ်ရုံ
ဟော..ပြောနေရင်းနဲ့ ကို
ကော်နာကန်တင်လိုက်တဲ့ ဘောလုံးကဂိုးသွားပြီ
ပြောသားဘဲ သတိထားပါဆို
အင်း ဘ၀မှာလည်းလူကျွံဘောတွေများတယ်ဗျ
အသွားအပြန်မေတ္တာဆိုတာ
နားလည်မှုဆိုတဲ့  အရွက်စိမ်းစိမ်းတွေလေ
ဒါလောက်မှနားမလည်ဘဲ
လောကဇာတ်ခုံကို ပိတ်ကားဝင်ဆွဲချင်နေတာလား
ကြားဖူးနားဝနဲ့ ခြိမ်းခြောက်ကြည့်တာပါ
ဒါပေမဲ့ နေထွက်တာကို ထကြည့်ကြတာ ရူးတယ်လို့ ထင်တာဘဲ
ပြံးချင်လည်းပြုံး မဲ့ ချင်လည်းမဲ့ ပေါ့လေ
ဒါပေမဲ ဟို စိုးမိုးဃ်း ဆိုတဲ့ ငကြောင်လို
ပေါက်ကရတွေတော့ တွေးတာရေးတာတွေ
မလုပ်နဲ့ ပေါ့ဗျာ၊၊
သွားဦးမယ် နောက်တောင်ကျနေပြီ
စတော်ဘယ်ရီပင်အောက်မှာချစ်သူနဲ့ချိန်းထားတယ်၊၊
အရူး
2010-06-15
ဇာတ်သိမ်း
တကယ်ဆိုသူနဲ့ ကျွန်တော်ဒီလိုဇာတ်သိမ်းသွားမယ်လို့ ဘယ်တုန်းကမှမတွေးဖူးပါဘူးဗျာ၊၊ အခုတော့မမျှော်လင့်ဘဲပြတ်စဲဖို့အကြောင်းကဖြစ်လာခဲ့ ပြီ၊၊ ဒါဘယ်သူ့ အပြစ်လည်းကျွန်တော်သိပ်မတွေးမိဘူး၊၊ ကျွန်တော်ကိုယ်တိုင်ကအတ္တကြီးတဲ့ကောင်ကိုးဗျ၊၊တကယ်တမ်းတော့သူနဲ့ကျွန်တော်နဲ့ တွဲလာတာနှစ်တွေကြာနေပြီဘဲ၊၊ကျွန်တော်မိုက်လုံးကြီးတာလည်းပါတာပေါ့ဗျာ၊၊ ကျွန်တော်ကလည်းကျွန်တော်လုပ်ချင်တာဆိုဇွတ်လုပ်ရမှ၊၊သူ့ဘက်ကိုလည်းတစ်ခါမှထည့်မတွက်ဘူးဖူးလေ၊၊ အဲဒါတွေအတွက်လည်းသူလည်းတော်တော်ခံစားနေရတာကြာပြီထင်ပါတယ်၊၊ တခါတလေသူနဲ့ ကျွန်တော်နဲ့ အခန့်မသင့်ဖြစ်ရင်သိတဲ့ သူတွေကသူ့ ကိုဂရုစိုက်ဖို့ ၊ပစ်မထားဖို့ အတန်တန်ပြောပါတယ်၊၊ အဲဒီလိုဖြစ်တဲ့ အခါမျိုးလောက်ပဲသူကျေနပ်အောင်နည်းနည်းလေးဂရုစိုက်သလိုလိုလုပ်ပြပြီးကျွန်တော့်အကျင့်ဆိုးအတိုင်းဒုံရင်းပါဘဲဗျာ၊၊
အဲဒါနဲ့သူနဲကျွန်တော့်ကိုကြိမ်ဖန်များစွာစေ့စပ်ပေးခဲတဲ့လူဆီပြေးရတာပေါ့၊၊ အဲဒီလူအားကိုးနဲ့များပြန်ပြေလည်မလားလို့၊၊အဲဒီလူကလည်းသူနဲ့ ကျွန်တော့်ဖြစ်ကြောင်းကုန်စင်ကိုနားထောင်ပြီးတော့ကျွန်တော့်ကိုဆုံးဖြတ်ချက်ချခိုင်းပါတယ်၊၊ ကျွန်တော်ဘာလုပ်မလည်းပေါ့လေ၊၊ နောက်ဆုံးဗျာ ကျွန်တော်စကားတစ်ခွန်းဘဲပြောလိုက်တော့တယ်၊၊
ဆရာ...ဒီသွားကို နှုတ်ပစ်လိုက်ပါတော့ဗျာ”
လေးစားစွာဖြင့်
ရွှေနတ်သား
2010-06-01
ကျွန်တော်သိသောဂငယ်များ-၎
ဂငယ်တွေ-၃မှာလည်းကျွန်တော်မြင်သလောက်သိသလောက်လေးတွေေ၇းခဲ့ပါတယ်၊၊ အမှားများပါသွား၇င်လည်းထောက်ပြပြောဆိုပေးကြပါခင်မျာ၊၊ကျွန်တော်ေ၇း၇င်စာလုံးဖောင့်အသေးတွေနဲ့ေ၇းလို့ တချို့ ကမျက်မှန်ဖိုး တောင်းနေပါတယ်၊၊ ဟီးး ဒါ့ ကြောင့် ဖောင့် ဆိုက်ဒ်ကြီးလိုက်ပါပြီ၊၊
သူငယ်ချင်းတို့  ငယ်ငယ်က ကာတွန်းတွေဖတ်ဘူးတယ်မလား၊၊ ကာတွန်းမဖတ်ဘူးတဲ့ သူလို့တော့မ၇ှိဘူးထင်ပါတယ်၊၊ဘင်္ယအ၇ွယ်ထိဖတ်တုန်း၊၊အခုကောဖတ်တုန်းလား၊ ၊ဟာ.ဒီအ၇ွယ်ကြီးထိကာတွန်းဖတ်စ၇ာလားကွ ကလေးမှမဟုတ်တာ
ဟုတ်ကဲ့ ပါဒါဆို ဂငယ်တွေ အကုန်လုံး ကလေးတွေဘဲ၇ှိသေးတယ်လို့ ပြော၇ပါလိမ့်
မယ်၊၊ အနော်လည်း ကလေးဘဲလို့ ပြော၇ပါအုံးမယ်၊၊ အခုထိ တွတ်ပီတို့ ဒီ၇ဲဂျာတို့  နောက်ဆုံးဖတ်စ၇ာမ၇ှိ ဘိုဘို ကာတွန်းတောင်ဖတ်တုန်းဘဲဗျ၊၊ ကျွန်တော် ဒီလောက်
ကာတွန်းကြိုက်တဲ့ သူတောင် ဂငယ်တွေကိုမမှီဘူးဗျ၊၊ ကလေး ကအစ လူကြီး အဘိုးကြီး
အဘွားကြီးတွေ အထိ ကာတွန်းကို ၇ူး၇ူးမူးမူးဖတ်တာဗျို့ ၊၊ ကျွန်တော့် တို့ ဌာန မှာ လကုန်
ရင် ကာတွန်းစာအုပ်တွေ ပုံ လိုက်၇င် နည်းတာကြီးမဟုတ်ဘူးဗျာ၊၊ ဆ၇ာတွေကော..ကျန်
တဲ့ ကျောင်းသားတွေကော ဖတ်ထားကြတာတွေ၊၊ ကာတွန်းစာအုပ်ကလည်း အေ၇ာင်အ
သွေး အပြင်အဆင်တွေကလည်း လှမှလှ၊ ၊ မြင်တာနဲ့ ကို ဖတ်ချင်စ၇ာကြီး၊၊ အနော်တောင်
ကောက်ကောက်ဖတ်တယ်၊၊ ဂငယ်စာကျွမ်းလို့တော့မဟုတ်ဘူးဟီးအ၇ုပ်ကြည့်တာဗျ၊၊
ဒီနိင်ငံ၇ဲ့ နေ၇ာတိုင်းမှာ စာအုပ်ဆိုင်တွေကိုတွေ့ နိုင်ပါတယ်၊၊ ဂငယ်တွေစာဖတ်အားတော့
တော်တော်ကောင်းကြတယ်ဗျာ၊၊ ကမ္ဘာပေါ်မှာ ထွက်သမျှ စာအုပ်အားလုံး နီးနီး ဂငယ်ဘာ
သာပြန်ပစ်ကြတယ်၊၊ သူတို့ လူမျိုးတွေ အလွယ်တစ်ကူ လေ့ လာဖတ်ရှုနိင်အောင်လို့ ပေါ့လေ၊၊ အဲဒါဟာ ကောင်းတာ၇ှိသလို ဆိုးတာလည်း၇ှိတာပါဘဲ၊၊ ဘာသာပြန်စာအုပ်တွေ
အလွယ်၇နေတော့ တခြားဘာသာစကားကို မလေ့လာချင်ကြတော့ဘူး၊၊ အင်္ဂလိပ်စာနဲ့ 
ပတ်သက်ပြီးတော့လည်း ဂငယ်တော်တော်များများ အားနည်းကြပါတယ်၊၊ ကောင်းတာက
တော့ တခြားနိင်ငံတွေ၇ဲ့ နည်းပညာတွေ ယဉ်ကျေးမှုတွေ တိုးတက်မှုတွေကို မိခင်ဘာ
သာနဲ့အလွယ်တကူလေ့လာလို၇တာပါဘဲ၊၊စာအုပ်ဆိုင်တွေမှာစာအုပ်မျိုးစုံ၇နိုင်ပါတယ်၊၊ လွတ်လွတ်လပ်လပ်ပါဘဲ၊၊ ဘယ်စာအုပ် ဘယ်စာပေတော့ မတင်၇ဘူးဆိုတာ
မ၇ှိဘူးနဲ့ တူပါတယ်၊၊ အသက်အ၇ွယ် မျိုးစုံအတွက် စာအုပ်ပေါင်းစုံ အလွယ်တကူ၇နိုင်ပါ
တယ်၊၊ တချို့ စာအုပ်တန်းနားမှာ အ၇ွယ်စုံ ယောက်ျားလေးတွေ ပြုံနေပါလိမ့်မယ်၊၊ သိ
ချင်၇င်တော့ သွားကြည့်လိုက်ကြပါဗျို့ ၊၊
လူမှုေ၇းနဲ့ ပတ်သက်လို့ ပြောပြဦးမယ်၊၊ ဂငယ်တွေနဲ့ စကားပြော၇တာသိပ်စိတ်ချမ်းသာဖို့ ကောင်းမှကောင်း၊၊ ကိုယ်ဘာပြောပြောမငြင်းဘူးမှန်တယ်နော်၊၊ဟုတ်တာပေါ့။မင်းတော်လို့ပါဆိုတာတွေနဲ့  သူတဖက်သားကိုစိတ်ချမ်းသာစေတယ်ဗျ၊၊ဘာလည်းဂငယ်တွေနဲ့ဘဲပေါင်းတော့မယ်လို့ စိတ်ကူးနေတာလား။ ဆုံးအောင်လည်းဖတ်အုံးလေဗျာ၊၊ အဲဒီလိုမျိုးများသူငယ်ချင်းကိုပြောလာပြီဆို၇င် အကုန်
ပြောင်းပြန်မှတ်ဗျာ၊၊ ဟုတ်ပါ့မလားမလုပ်နဲ့ ဟုတ်သမှသိပ်ဟုတ် ဂငယ်တွေက အတွင်း
စိတ်ထဲမှာ၇ှိတာကို အပြင်ကိုထုတ်ဖော်ပြသဖို့ ခက်ခဲတယ်ဗျ၊၊ သူတို့ ၇ဲ့ ဓလေ့အ၇ကိုစ
တွေ့ တွေ့ ချင်းမှာတို့ သိပ်မ၇င်းနှီးသေးတာတို့ ဆို၇င် သူတို့ ၇ဲ့ ၇င်ထဲကစကားအမှန်ကိုသိ
၇ဖို့ ခဲယဉ်းပါတယ်၊၊ေ၇ာက်ခါစကတော့ သူတို့ ကများချီးကျူးတာတို့ တော်တယ်လို့ များ
အပြောခံ၇၇င် လူက မြောက်တောက်တောက်ဖြစ်သွားေ၇ာ၊၊ အခုတော့အဲဒီလိုပြောလာ
ပြီဆို ကိုယ့်ကိုယ်ကိုယ်ငါတော့ဘာလွဲနေပြီလည်းဟ ဆိုပြီး ပြူးပြဲနေအောင်ပြန်၇ှာနေ၇
တယ်၊၊ စိတ်ထဲမှာလည်း သတိ သတိ နဲ့ ကိုယ့်ကိုယ်ကိုယ် အလမ်းပေးနေ၇တယ်ဗျို့ ၊၊
ပြီးတော့ အကြည့်ကိုအငဲ သီချင်းမဟုတ်ဘူးနော်၊၊ မျက်လုံးချင်းဆုံတဲ့ 
အကြည့်၊၊ အနော်ကလည်း ကြည့် တာဆိုဝါသနာကပါတယ်လေ၊၊ တွေ့ တာအကုန်ကြည့်
တာကိုး၊၊ ဒီမှာကတော့ အဲဒီလိုမကြည့်၇ဘူးတဲ့ ဗျာ၊၊ မျက်လုံးချင်းဆုံအောင်ကြည့်တာ မ
ယဉ်ကျေးဘူးလို့ သတ်မှတ်တယ်တဲ့ ၊၊ သေေ၇ာ..ဒီက မျက်လုံးချင်းလေး စ စကားပြောမယ်
လို့ ကြိတ်ကြံနေကာမှ၊၊ ခဏလောက်လေး အကြည့်ဆုံလိုက်၇င်ကိုဘဲ တန်းလွှဲ သွားကြ
တာဗျ၊၊ သူတို့ ကစကားပြော၇င် မျက်လုံးက တခြားနေ၇ာကြည့်နေတော့ ဒီဖက်ကပြော
၇တဲ့ သူ က အားမ၇ဘူးလေ၊၊ ကိုယ့်စကား မှ သေချာနားထောင်နေ၇ဲ့ လား၊၊ စိတ်ကဘယ်
ေ၇ာက်နေလည်းမသိဘူး၊။ ဘာညာနဲ့ တွေး မိနေတာ၊၊ သူငယ်ချင်းများ ဂငယ်မလေးတွေနဲ့ များတွေ့ လို့ ချစ်ခြင်းအစမျက်စိက လုပ်မယ်မကြံနဲ့ ဗျို့  ၊၊ ဆွေးသွားမယ်၊၊ ဟဲ..ဟဲ..သွား
ပါပြီလို့ တွက်နေပြီလား၊၊ စိတ်ဆင်း၇ဲ အောင်လုပ်ကြည့်တာ၊၊ အဲဒီ ယဉ်ကျေးမှု က နိင်ငံခြားသားတွေ အတွက်တော့ နားလည်ပေးကြပါတယ်တဲ့ ခင်မျာ၊၊ တော်သေးတာပေါ့
ခေါ်တော တစ်သိန်း အားအကြည့်လေးတွေ..ဗို့ အားတစ်သောင်းမျက်လုံးလေးတွေ အလကား မဖြစ်တော့လို့ ..ဟီးး ၊၊
ကျွန်တော့် စာထဲမှာ ဖတ်ပြီး ဘာမှ မ၇ဘူးဆိုလည်း အပျင်းပြေ လို့ သာ သဘောထားပေး
ကြပါခင်မျာ၊၊ နောက်မှဆက်ပါမည်၊၊ ထမင်းမချက်၇သေးပါ၊၊
လေးစားစွာဖြင့်
ရွှေနတ်သား
2010-05-24
ကျွန်တော်သိသောဂငယ်များ-၃
ဂငယ် တွေ အကြောင်းတွေ ထပ်ပြီးဖောက်သည် ချပါဦးမယ်ဗျာ၊၊မမသျှင်က ကောင်မလေးတွေ
အကြောင်းဘဲပြောနေလို တဲ့ ပြောနေပြီဗျ၊၊ ဟဲဟဲသိချင်၇င်မေလ်းနဲ့လှမ်းမေးကြပါဗျာ၊၊ပြောပြမယ်ဗျို့  အခုတော့ စီးပွားေ၇း နဲ့ နည်းပညာတွေ ဘက်ကိုနည်းနည်းလှည့်လိုက်မယ်ဗျာ၊၊
မိတ်အင်ဂျပန်လိုမြင်လိုက်တာနဲပစ္စည်းကောင်းဘဲလို့လူတော်တော်များများလက်ခံလိမ်မယ်ထင်ပါတယ်၊၊
တကယ်တမ်းဂျပန်မှာ ဘာသဘာဝသယံဇာတမှမ၇ှိပါဘူး၊၊
သံယံဇာတတွေ၇ှိမှတိုးတက်မယ်ဆို၇င်ဂျပန်တွေဒီလိုဖြစ်လာမှာမဟုတ်ဘူး၊၊အဓိကတိုးတက်ဖို့ အကြောင်းအ၇င်းကတော့ ဂငယ်တွေ အလုပ်အ၇မ်းလုပ်တာပါဘဲ၊၊ငါတို့ လည်းလုပ်တာပါဘဲလို့ မပြောနဲ့ လေ၊၊တကယ်ကိုမတူဘူးဗျ၊၊ သူတိုကဘာအလုပ်ပဲလုပ်လုပ်အလုပ်ကိုအ၇မ်းတန်ဖိုးထားကြတယ်၊၊သူတိုအလုပ်အတွက်လည်းဂုဏ်ငယ်တာ..၇ှက်ကြောက်တာမျိုး
လုံးဝမ၇ှိပါဘူးကျောင်းမှာသန့် ၇ှင်းေ၇းလုပ်တဲ့ အဒေါ်ကြီးတေကိုအသက်ငယ်တဲ့ပေ၇ာ်ဖက်ဆာတွေ ကလည်းတလေးတစားနှုတ်ဆက်တာဘဲ၊၊ငါ ပေ၇ာ်ဖက်ဆာ ဆိုတဲ့ မာန နဲ့ သန့် ၇ှင်းေ၇းလုပ်တဲ့ သူဘဲဆိုပြီး
မတန်သလို ဆက်ဆံတာမျိုး ဂျပန်မှာလုံးဝမ၇ှိပါဘူး၊၊ဆက်ပါဦးမယ်...စီးပွားေ၇းမှာ ဂျပန်ဟာ ကမ္ဘာ့ ထိပ်တန်း
စာ၇င်းဝင်နိုင်ငံပါ၊၊သိပြီးသားတွေ ပြောနေ၇သလိုဖြစ်နေပြီလားမသိဘူး...အနော်လည်းသိတာပြောတာပါနော်
စိတ်မဆိုးနဲ့နော်၊၊ဒါပေမဲ့ဂျပန်မှာလည်းအခုစီးပွားေ၇းတေတော်တော်ကျဆင်းနေပါတယ်၊၊ ကျွန်တော့်ပေ၇ာ်ဖက်ဆာကိုတိုင်ပြောတာပါ၊၊စီးပွားေ၇းနဲ့ ပတ်သက်ပြီး ဂငယ်တွေ တော်တော်လေး ခေါင်းစား
နေကြတယ်..အခုအချိန်မှာ၊၊ နိုင်ငံသားတွေ ကိုယ်တိုင် အလုပ်အကိုင်၇ဖို့ ခက်ခဲလာနေတယ်၊၊ ကျောင်းပြီး၇င် ဘာလုပ်၇မှန်းမသိလို့ ကျောင်းဘဲဆက်တက်နေ၇တယ်ဆိုတဲ့ ဂငယ်တွေကိုလည်းတွေ့ ဖူးပါတယ်၊၊နာမည်ကြီး
ကော်ပိုေ၇း၇ှင်းကြီးတွေလည်းအသေအလဲ၇ုန်းကန်နေ၇တဲ့ အချိန်ပါ၊၊တော်၇ုံစီးပွားေ၇းလုပ်ငန်းတွေဆိုတာ
ကတော့ ၇ပ်ဖို့ တောင်စဉ်းစားနေ၇တဲ့ အချိန်ပါ၊၊ ဂငယ်တွေဟာ သူတို့ နိင်ငံတိုးတက်ဖို့ အ၇မ်းအလုပ်လုပ်ခဲ့ ကြတာပါ၊၊ ဒုတိယကမ္ဘာစစ်ပြီးတော့ သူတို့ နိင်ငံကို စစ်နိုင်နိုင်ငံတွေက အမျိုးမျိုး အဖုံဖုံ အနိုင်ကျင့် ခဲ့ ကြတာကိုဂငယ်တွေက တွန်းအားအဖြစ်ပြောင်းယူခဲ့ ကြတာပါ၊၊ မှန်ကန်တဲ့ လှုံ့ ဆော်မှုတွေ ပြင်းပြတဲ့ 
တိုးတက်လိုစိတ်တွေကဂငယ်ကိုဒီနေ့ထိပ်တန်းေ၇ာက်အောင်တွန်းတင်ခဲ့တာပါဘဲ၊၊ ဂငယ်တွေဟာတကယ်ကို မျိုးချစ်စိတ်ဓာတ် အမျိုးသားေ၇းစိတ်ဓာတ် ပြင်းထန်ပါတယ်၊၊ ဒါပေမဲ့ သူတို့  သင်ခန်းစာကောင်းကောင်း၇သွားပါပြီ၊၊မျက်ကန်းမျိုးချစ်မျက်ကန်းအမျိုးသားေ၇း အစွန်းေ၇ာက်စိတ်ဓာတ်တွေကြောင့်သူတို့  နိုင်ငံ ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ဒုတိယကမ္ဘာစစ်မှာကျော်ကြား
ခဲ့ ၇တာကို သူတို့ အခုထိတောင်းပန်လို့ မဆုံး..၇ှက်လို့ မဆုံးသေးပါဘူး၊၊ တခါက ပွဲတစ်ခုမှာ ကျွန်တော်နဲ့ 
ဂငယ်အဖိုးကြီးတစ်ယောက်နဲ့ စကားလက်ဆုံကြမိတယ်၊၊ သူကအီးလိုလည်းတော်တော်ပြောတတ်တယ်ဗျာ
..ပြော၇င်းနဲ့ ကျွန်တော်တို့ နိုင်ငံကို အ၇ိုးကောက်အဖွဲ့ တွေ အများကြီး လာတယ်လို့ ပြောလိုက်မိတယ်၊၊
ဂငယ်ကြီးချက်ချင်းမျက်နှာကြီးပျက်ပြီး တောင်းပန်တော့တာဘဲဗျာ၊၊အဲဒီလုပ်၇ပ်တွေအတွက် သူတို့ ကိုခွင့်
လွတ်ဖို့ ကျွန်တော်လို့ ငချွတ်ကိုသေချာကြီးကိုတောင်းပန်နေတာဗျ၊၊ ကျွန်တော်ကလည်းဒါတွေ ဟာ တစ်ချိုန်ကခေတ်စနစ်၇့ဆိုးကျိုးတွေသာဖြစ်ကြောင်း၊မြန်မာပြည်သူပြည်သားတွေအနေနဲ့ နားလည်ပါကြောင်း ဒါတွေကို အတိတ်မှာဘဲ ထားခဲ့ လိုက်ပြီ ဖြစ်ကြောင်း တတ်သလောက်ပြန်၇ှင်းပြလိုက်
တာတော်တော်တောင်မောတယ်ဗျာ၊၊
စစ်ပြီးတောဂငယ်တွေဟာပြာပုံဘ၀ကပြန်စခဲ့၇တာပါ၊၊အင်းစစ်မဖြစ်ခင်တည်းက လည်းတိုးတက်နေပြီးသားပါ၊၊ ကျွန်တော်တို့ မြို့ လေးမှာတောာင် ဒုတိယကမ္ဘာစစ်မ
တိုင်ခင်တည်းက ဆည်မြောင်း လက်၇ာလေးတွေတွေ့ ၇ပါသေးတယ်၊၊တော်တော်ကိုခေတ်မှီနေပါပြီ၊၊အခု
တော့ ပြန်လည်မွမ်းမံ ထားတာပေါ့နော်၊၊ ဂငယ်မှာ စိုက်ပျိုး မြေယာတော်တော်နည်းပါတယ်၊၊ကျွန်တော်တို့ နိုင်ငံနဲ့ ယှဉ်၇င်ပေါ့လေ၊၊ ဒါပေမဲ့ စိုက်ပျိုးေ၇းနည်းစနစ်တွေ တော်တော်ကောင်းပါတယ်၊၊ လယ်သမားဆိုတာ
စာမတတ်ပေမတတ် တွေမဟုတ်ဘူးနော်၊၊ တကယ့် ဘွဲ့ ၇ပညာတတ်တွေလည်အများကြီးပါ၊၊ ရွံ့ မပေတဲ့ လယ်သမားတွေပေါ့ ဗျာ၊၊ တခါတလေ ကျွန်တော်တို့ နားက မြို့ ထဲမှာတောင် မြို့ လယ်ကောင်လယ်ကွက်
ကြီးတွေ့ ၇လို့ အံ့အားကိုသင့်မိတယ်၊၊ အကိုတွေကိုမေးကြည့်၇တယ်၊၊ အပျင်းပြေစိုက်တဲ့ လယ်ကွက်ပေါ့ကွာ
တဲ့ ၊၊အော်..အညောင်းပြေအညာပြေ စိုက်ပျိုးေ၇းလုပ်တာတဲ့ ၊၊ဆည်မြောင်းစနစ်တွေလည်းကောင်းမှကောင်း
ဗျာ၊၊ေ၇ပေးမြောင်းတွေဆိုတာလည်းစနစ်တကျဘဲ၊၊ ကျွန်တော်သိ၇သလောက်ပေါ့နော်၊၊လုံးဝဓာတ်မြေသြဇာ
သုံးတာတော့မတွေ့ ဘူးဖူး၊၊ ၇ှိလားတော့မသိဘူး၊၊တောင်သူလယ်သမားတွေမှာ စိုက်ပျိုးေ၇းသုံးစက်ကိ၇ိယာ
အစုံအလင်၇ှိပါတယ်၊၊ တိုးတက်ပြီးနိုင်ငံဆိုတော့လည်း စက်တွေဖောဖောသီသီသုံးနိုင်ကြတာကိုး..အင်းပေါ့
ကျွန်တော်တို့ မှာကတော့ လူဘဲပေါတာကိုး... ကျွန်တော်တို့ မြို့ လေးနားမှာ မြစ်လို့ ခေါ်တဲ့ ချောင်းအကြီးအ
စားကြီးတစ်ခု၇ှိတယ်လေ၊၊ အခုဖြတ်နေတာကတော့ တံတားအဟောင်းကနေပေါ့ ၊၊ ဘယ်လိုတံတားမျိုး
လည်းပြော၇၇င် အင်းဝတံတားလို ဒီဇိုင်းမျိုးဘဲ၊၊ လုံးဝအကောင်းကြီးဘဲ၇ှိသေးတယ်၊၊ မြန်မာပြည်မှာဆို သုံး
ပါဦး ..ကျွန်တော်တို့ သားသမီးတွေလက်ထက်လောက်ထိ၊၊ ကားကလည်း အသေးတွေဘဲဖြတ်တာနော်၊၊
ဟိုင်းဝေး ကုန်တင်ကားကြီးတွေ သိပ်ဖြတ်တာလည်းမဟုတ်ဘူး၊၊ အခုဘေးမှာ တံတားအသစ်ထပ်ဆောက်
နေပြီ၊၊ အခုတံတားက သက်တမ်းပြည့်နေပြီမလို့ တဲ့ ၊၊အခုဆောက်နေတဲ့ တံတားကပိုကြီးပါတယ်၊၊ နေ့ ချင်း
ညချင်းကို တ၀က်လောက်ပြီးလာပါပြီ၊၊ ဒါပေမဲ့  ကြည့်လိုက်၇င် အလွန်ဆုံးလူ နှစ်ဆယ်ထက်မပိုလောက်ဘူး
ဗျာ၊၊ တံတားကြီးဆောက်နေတာတဲ့ ..အော်နည်းပညာ နည်းပညာ..ကွန်ကရစ်လောင်းတဲ့ ထဲမှာသုံးတဲ့ သံ
ချောင်း ဗျာ..ကျွန်တော့်ခြေသလုံးလောက်တုတ်တယ်၊၊ မြန်မာမှာတုန်းက ကျပ်လုံးလောက်မြင်ဘူးတဲ့ကျွန်
တော့် အတွက်တော့ လန့် စ၇ာကြီးးပေါ့ဗျာ၊၊ မိုး၇ွာသည် ဖြစ်စေ နေပူသည်ဖြစ်စေ နှင်းကျနေသည်ဖြစ်စေ
အလုပ်လုပ်နေတာဘဲဗျာ၊၊ အားလုံးဘဲ၊။ နေပူလို့ မိုး၇ွာလို့ ဆို ပြီးဆင်ခြေများတတ်တဲ့ ကျွန်တော်နဲ့ တော့ကွာ
ပါ့ ၊၊ အညာမှာ မိုးဆိုလို့ ကတော့ အော်တို အလုပ်ပိတ်၇က်ဖြစ်ေ၇ာ၊၊ ဟီးးကျောင်းဆိုလည်းမိုး၇ွာ၇င်မသွားဘူး
အမျိုးမျိုး အကြောင်းပြတာဘဲ၊၊ ဒါကြောင့်မို့ လည်းအခုထိဘာမှဖြစ်မလာတာနေမှာ။ဟီး
တောင်ေ၇ာက်မြောက်ေ၇ာက်တွေ ဖြစ်ကုန်ပြီပြော၇င်းနဲ့ ၊၊ ဂငယ်တွေက လေ စစ်၇ှုံးလို့ 
၇ခဲ့ တဲ့ အ၇ှက်ကို ပြန်ဆယ်ဖို့ နည်းးလမ်း ကို သူတို့ အကောင်းဆုံး၇ှာတွေ့ ခဲ့ တယ်လို့ ထင်ပါတယ်၊၊အဲဒါက
တော့ စီးပွားေ၇း နဲ့  ကမ္ဘာ ကို ပြန်ကိုင်လှုပ်ဖို့ ပါဘဲ၊၊ ကျွန်တော်ဆို၇င်တော့ အနုမြူဗုံးး ကြဲံ ချခဲ့ တဲ့ အမေ၇ိကန်ကို ထိုင်ဆဲနေမိမှာဘဲ၊၊ နောက်ဂျပန်လေးတွေ ကို အမေ၇ိကန်ကို မုန်းတီးဖို့ ..အမေ၇ိကန်လူမျိုး
မုန်းတီးေ၇း လှုံ့ ဆော်မှုတွေ လုပ်နေမိမလား၊၊ ဒီလို စိတ်ဓာတ်တွေ ၇ှိခဲ့ ၇င် ဂျပန်ဟာလည်း အခုလို့ ဝင့်
ကြွားနိင်မှာမဟုတ်တော့ပါဘူး၊၊ တကယ်ကိုချီုး ကျုးဖို့ ကောင်းပါတယ်၊၊ သူတို့ ခွင့်လွတ်လိုက်တယ် ၊ လက်တွဲ
ဆောင်၇ွက်ခဲ့ တယ်၊ စစ်မှန်တဲ့ အမျိုးသားေ၇းနဲ့ မျက်ကန်း လူမျိုးကြီး ၀ါဒကို သူတို့ ခွဲခြားနားလည်လာခဲ့ လို့ 
မိတ်အင်ဂျပန် ဆို လူတိုင်း ဂရု မစိုက်ပဲ မနေနိုင်တဲ့ ဘ၀ ကိုေ၇ာက်လာတာပါ၊၊
ညောင်းတယ်ဗျာ၊၊ဟီးဘာမှလည်းလာမကျွေးကြဘူး၊၊နောက်မှေ၇းတော့မယ်၊၊ ကျွန်တော့်အမြင်သုံးသပ်ချက်လေးတွေမှားယွင်းမှု ၇ှိခဲ့ ၇င် ထောက်ပြပြောဆို ပေးကြပါဦးခင်မျာ၊၊
လေးစားစွာဖြင့်
ရွှေနတ်သား
2010-05-22
ကျွန်တော်သိသောဂငယ်များအကြောင်း -၂
အ၇င်ပိုစ့်ထဲမှာကတော့တတ်နိင်သလောက်ဂငယ်တွေကိုပုံဖော်ကြည့်တာလေးတွေပါ၊၊အခုလည်း ဆက်ပြီးတော့ပုံဖော်ကြည့်မယ်လေ၊၊တချိုဟာတွေကသမိုင်းကြောင်းအထောက်အထားတွေခုနှစ်တွေထည့်ေ၇းဖို့ကြတော့လည်းသမိုင်းစာအုပ်တွေအများကြီး၇ှိနေတော့ ကျွန်တော့်အပျင်းကြီးတာကြောင့်ထည့်မေ၇းတော့ဘူးနော်၊၊အခုေ၇းနေတာကကျွန်တော့်အမြင်လေးနဲ့ေ၇းနေတာကြောင့်ပါ၊၊
ဂျပန်မှာဘယ်သွားသွားဘယ်ဆိုင်ဝင်ဝင်ကြိုဆိုပါတယ်၇ှင်လို့ကြား၇ပါလိမ့်မယ်၊၊ကျွန်တော်တို့ အတွက်ကတော့ကြိုဆိုပါတယ်လို့မှအပြောမခံ၇ဘူးတာ၊၊ဟီးးးနည်းနည်းတော့လန်လန့်သွားတာပေါ့လေကိုယ်က၀င်ပြီးကြည့် ၇ုံတင်ကြည့်မှာကို..၀ယ်ဖို့ကအိမ်ပြန်ပေသီးခေါက်ဟိုပိုက်ဆံနဲ့ဒီပိုက်ဆံနဲတွက်ဈေးသက်တာမှာလားမြန်မာမှာကောဒါမျိုး၇နိုင်လား
ဘယ်ဈေးလောက်၇ှိမလည်းစတဲ့လားပေါင်းမြောက်များစွာပြီးမှဝယ်တဲအဆင့်ေ၇ာက်တာလေ၊၊ဘာသာဗေဒအမြင်လေးပြော၇မယ်ဆို၇င်တော့ တကယ်တမ်းဂျပန်မှာရေ၇ှည်နေမယ်ဆို၇င်တော့ဂျပန်စာမဖြစ်မနေတတ်ဖို့လိုလာပြီဗျ၊၊တွေသမျှဆိုင်းဘုတ် ကြော်ငြာမှန်သမျှဘူးသီးငါးပေါင်းတွေလေ၊၊ဒါပေမဲတချို့စာလုံးတွေကအင်္ဂလိပ်ကနေမွေးစားထားတာတွေ အများကြီးဘဲဗျာ၊၊ဥပမာဟိုတယ်ကျွန်တော်ကဟော်တယ်လို့ ဘိုလိုပြောပေမဲဂျပန်တွေကဟိုတဲ၇ု (hoteru) လို့ ထွက်ပါတယ်၊၊ ဘတ်စ်ကားကိုဘတ်စု (busu) လို့ ထွက်ကြတာမျိုးပါ။။
ကြာလာ၇င်တော့တစ်ချို့သူတို့မွေးစားစာလုံးတွေကိုနားယဉ်လာမှသဘောပေါက်ပြီးနည်းနည်း ကိုယ်လည်းဂျန်းဂလိရှ်နဲ့အကျွမ်းတ၀င်ဖြစ်လာပါလိမ့်မယ်၊၊၊ ဂျပန်ကျောင်းတွေမှာငယ်ငယ်တည်းက
အင်္ဂလိပ်စာသင်ကြား၇ပေမဲ့ဂငယ်တော်တော်များများအတွက်ကတော့အင်္ဂလိပ်လိုအသံထွက်ဖို့ကခက်ခဲနေဆဲ
ပါဘဲ၊၊ကျွန်တော့် ကျောင်းမှာတောင် ပါရဂူတန်းကျောင်းသားတွေအင်္ဂလိပ်စာသင်တန်းကို လာလာတက်ကြ
ပါတယ်၊၊ တော်တော်ကို ကြိုးစားကြပါတယ်၊၊ တချို့ ဆိုကောင်းကောင်းကိုပြောနိုင်ကြတယ်၊၊များသောအား
ဖြင့်ကတော့စာကိုလည်းသူတို့ ဘာသာစကားနဲ့ ဘဲလုပ်ကြတော့အင်္ဂလိပ်စာဖက်မှာအားနည်းသွားကြပါ
ပါတယ်၊၊စာအုပ်စာတမ်း တော်တော်များများကလည်းဂငယ်ဘာသာတွေနဲ့ေ၇းကြတယ်လေ၊၊ ကမ္ဘာပေါ်
မှာထွက်သမျှ စာအုပ်တွေကို သူတို့ အတွက်အကျိုး၇ှိမယ်ဆို၇င် တန်းဘာသာပြန်ကြတော့တာဘဲဗျ၊၊ အဲဒါ
ဟာတဖက်ကကြည့်၇င်ကောင်းပေမဲ့ တဖက်ကကြည့်တော့ သူတို့ ၇ဲ့ အင်္ဂလိပ်စာတိုးတက်မှု ကို နှေးကွေး
စေတယ်လို့ ကျွန်တော်ထင်ပါတယ်၊၊
ဂျပန်ကိုေ၇ာက်မှလူလည်းခါးအတော်နာတယ်ဗျ၊၊တမျိုးတော့မထင်နဲအုံး။။သူတိုကလည်းတွေ့ တာနဲ့  ခွန်နီချီဝ ဆိုပြီး ညွတ်တော့တာကိုး၊၊ ကျွန်တော်တို့ လည်း လိုက်ညွတ်၇တာပေါ့ဗျာ၊၊
ဒါဟာသူတို့ ၇ဲ့ တင်းတင်းကျပ်ကျပ်သွန်သင်ထားကြတဲ့ ဓလေ့ တစ်ခုပါဘဲ၊၊ သင်သာ အလုပ်လျှောက်မယ်ဆို
၇င် ခါးကောင်းကောင်းညွတ်တတ်ဖို့ လို့ မယ်ဆိုတာကတော့ သေချာပြော၇ဲတယ်ဗျို့ ၊၊၀ါစဉ် အလိုက်ကြီး
စဉ်ငယ်လိုက် သူ့ ဟာနဲ့ သူ ဦးညွတ်နှုတ်ဆက်ကြလေ့ ၇ှိပါတယ်၊၊ အလုပ်၇ပြီဆို၇င်လည်း ခါးညွတ်တာကိုသင်
ကြားပေးဦးမှာဗျို့ ၊၊ ပုံစံမကျမှာမပူနဲ့ ၊၊လှလှပပကို ညွတ်တတ် သွားစေ၇မယ်၊၊ဟီးး၊၊အနောက်နိုင်ငံသားတွေ
ကတော့ ဦးညွတ်တဲ့ဓလေ့ မ၇ှိလေတော့ သူတို့ အမြင်မှာတမျိုြး ဖစ်ချင်ဖြစ်နေမှာပေါ့နော်၊၊ ဒါပေမဲ့ ဂငယ်
ေ၇ာက်၇င်ဂငယ်လို့ ဘဲကျင့် တာ ကောင်းတာပေါ့ ဗျာ၊၊
ဗျာ ကောင်မလေးတွေ အကြောင်းလားလာမှာပေါ့ ဟီးး ပြောချင်နေတာ
ယားလို့ လှလားလို့ မေးချင်တာမလား ဖျတ်ကနဲ ဖြေမယ်ဗျာလှတယ် တော်တော်လှတယ် အင်းသေ
ချာမဖြေခ်ုင်းနဲ့ ဗျာ တစ်ခုချင်းကြည့်မယ်ဆို၇င်တော့ ကျွန်တော်တို့ ဘက်က လောက်မလှဘူးလို့ ဘဲပြောမိ
မယ်နဲ့ တူတယ်၊၊ လှတာလည်း၇ှိချင်၇ှိမှာပေါ့နော်။။အနော်မတွေ့ ဘူးလို့ ၊၊ဖက်၇ှင်နဲ့ ပတ်သက်၇င်တော့ ဂငယ်
တွေကလည်းကမ္ဘာမှာမကျန်ခဲ့ဘူးနော်၊၊ေ၇ာင်စုံဆံပင်တွေကိုအသက်အ၇ွယ်မေ၇ွးတွေ့၇မယ်၊၊ေ၇ွေ၇ာင်..အညိုေ၇ာင်တွေကတော့ အများဆုံးပေါ့။။သူတို့၇ဲ့ အော်၇ီဂျင်နယ်ကတော့အနက်ပါဘဲ၊၊ဒါပေမဲ့ 
များသောအားဖြင့် ကတော့ကာလာဆိုးထားတာများတယ် ဂငယ်မလေးတွေက အသားဖြူတယ်လေ
ဘာဝတ်ဝတ်လှနေတာဘဲ.၊၊ဖက်၇ှင်ကျအောင်လည်းဝတ်တတ်တယ်၊၊ လေ့ လည်းလေ့ လာကြတယ်ဗျာ၊၊
ဖက်၇ှင်နဲ့ ပတ်သက်တဲ့ စာအုပ်တွေဆိုေ၇ာင်းကောင်းသလားမမေးနဲ့ ၊၊သူတို့ ဝတ်တာက ဒီအင်းကျီဆို ဘယ်
ဘောင်းဘီနဲ့တွဲမယ်၊၊အပေါ်ကဘာထပ်ဝတ်မယ်၊၊ဖန်စီပစ္စည်းကဘာတွေတွဲ၇မယ်၊၊ဦးထုပ်က ဘာဆောင်းမယ်၊၊မျက်မှန်က ဘာဒီဇိုင်း ဆိုတာ သေချာ စီစဉ် ၀တ်စားပြီးမှ လမ်းထွက်တာဗျ၊။ အဲဒီတော့
လှနေပြီပေါ့ဗျာ၊၊ကျောင်းထွက်ပြီး မာမီလုပ်စားလိုက်၇ကောင်းမလားတောင်စဉ်းစားမိတယ်၊၊၊ နာမည်ကြီး
ဆလွန်းတွေ မှာ ဆ၇ာတွေက ယောက်ျားလေးတွေနော်၊၊ ဒါပေမဲ့ ဂေးမဟုတ်ဘူးနော်။၊ ကျားကျားလျားလျား
ကြီးတွေပါ၊၊အတော်လည်ဝင်ငွေကောင်းတဲ့ ပညာပါ၊၊ အဲဂျပန်မှာလည်းဂေး၇ှိတယ်နော်မသိလို့ ကတော့
သေသွားမယ် လန်ထွက်နေတာဘဲဟီးးး၊၊အဘွားကြီးတွေလည်း အသက်ကြီးလို့ ၇ိပ်ကြီးခိုမယ်ဆိုတာမ၇ှိ
ဘူးနော်၊၊ သမီးတွေနဲ့ အပြိုင်ဘဲဗျ၊၊အားလုံးတော့မဟုတ်ဘူးပေါ့လေ၊၊မြို့ပေါ်နေတဲ့ အဘွားကြီးတွေပြောတာ
မျက်နှာမှာလည်းကြော့ နေအောင်ချယ်တယ်အ၀တ်အစားကတော့ လူငယ်တွေ လောက်မဟော့ပေမဲ့ 
အ၇မ်းလည်း နောက်မှာမနေဘူးဗျ၊၊ ဒကောက်ကွေးလောက်၇ှိတဲ့ လည်၇ှည် ၇ှုးတွေနဲ့ အမိုက်စားဘဲ၊၊
ဟီးေ၇းလို့ လည်းကောင်းပါတယ်၊၊ အနော်လည်းအိပ်လိုက်အုံးမယ်ဗျာ၊၊ ဝေဖန် အကြံ
ပြု တာလေးတွေလည်းကြားချင်ပါတယ်၊၊ လာဖတ်သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်၊၊ကွန့် မန့် တွေ
ကိုလည်းဖတ်၇တာ အား၇ှိပါတယ်၊၊
လေးစားစွာဖြင့်
ရွှေနတ်သား
စာကြွင်း၊၊ ၊၊ ကျွန်တော့် အနေဖြင့် စာစီစာရိုက် မကျွမ်းကျင်သေးပါသဖြင့်သပ်သပ်ရပ်ရပ် မရှိသောစာများ
အားသည်းခံဖတ်ပေးကြပါသော မိတ်ဆွေ နောင်တော် အမတော်များ အား ကျေးဇူးတင်ရှိပါသည်၊၊ စာလုံးများ
ရိုက်ရာတွင်လည်း အမှန်ကို ပြောပြ ပြင်ဆင်ပေးကြသော အကို အမများ အား လည်း အထူးကျေးဇူးတင်ရှိ
ပါသည်၊၊ ယခုပိုစ့်များမှာလည်းနေရာတစ်ခုမှ ရွှေ့ ပြောင်းတင် ခြင်းဖြစ်ပါသဖြင့် အမှားများမပြင်ဆင်ရသေး
သည်ကို ခွင့်လွှတ်နားလည်ပေးပါရန် မေတ္တာရပ်ခံပါသည်ခင်မျာ၊၊
2010-05-20
ကျွန်တော်သိသောဂငယ်များအကြောင်း
မသျှင် ရဲ့ ဖိတ်ခေါ်မှု ကြောင့် ကျွန်တော် သိတဲ့ ဂျပန်ယဉ်ကျေးမှု .ဂျပန်လူမျိုး တွေ အကြောင်း သိသလောက်လေးေ၇းမိတာပါ၊၊ ဒီပိုစ့် ထဲမှာ အမှားအယွင်း တစ်စုံတ၇ာ ပါ၇ှိလာမယ်ဆို၇င် ကျွန့် တော့် ၇ဲ့ အသုံးမကျ ညံ့ဖျင်းမှုသာ ဖြစ်ကြောင်းကြိုတင်ပြောချင်ပါတယ်ခင်မျာ၊၊
ဂျပန်လူမျိုးတွေ အများဆုံးပြောလေ့၇ှိတဲ့စကားလေးကတော့ (စုမိမဆင့်) ဆိုတာလေးပါဘဲ၊၊၊ မြန်မာလိုတဆိတ်လောက်ကူညီပါ၊၊ ဒါမှမဟုတ်တောင်းပန်ပါတယ် လို့တော့ဘာသာပြန်ကြမယ် နဲ့တူတယ်၊၊ ဘာဘဲလုပ်လုပ်..ဘာဘဲပြောပြောအဲဒီစကားလေးကိုအ၇င်ဆုံးကြား၇တာပါဘဲ၊၊သင်သာဂျပန်ကိုသွားမယ်ဆို၇င်တော့ အဲဒီစကားလုံးသာ အလွတ်၇အောင်ကျက်ထားလိုက်တော့ဗျို့ ၊၊ နောက်တစ်လုံးက (အ၇ီးဂတ်တိုး)ကျေးဇူးတင်ပါတယ်ပေါ့ ၊၊ အဲဒီနှစ်လုံးသာတတ် ၇င်ဂျပန်တစ်နိင်ငံလုံး လျှောက်လည်လို့၇တယ်၊၊မယုံမ၇ှိနဲကျွန်တော်တောင် နာ၇ီတာလေဆိပ်ကနေကျောင်းထိအဲဒီနှစ်လုံးနဲ့ေ၇ာက်လာတာဘဲ၊၊ ၇ထားငါးဆင့် ပြောင်းစီးပြီးမှေ၇ာက်တာနော်၊၊ ဒါတောင်အဲဒီနှစ်လုံးဘဲတတ်တာ၊၊ ဆုမိမဆင့်လို့ ပြောလိုက်၇င် သူတို့ မျက်နှာမှာ ကူညီဖို့ အဆင့်သင့်ဘဲ ၊၊ ပြီး၇င် အင်တာနေ၇ှင်နယ်လန်းဂွေ့ ကော၊။ ဘိုလိုတွေကောတတ်သလောက်မှတ်သလောက်မှုတ်ပေတော့၊၊ အင်းသိချင်တာ သိ၇ပြီဆို၇င်တော့ အ၇ီးဂတ်တော လို့ တော့ပြောဖို့ မမေ့ နဲ့ လေဗျာ၊၊ကဲ ကျွန်တော်ပြောတာမယုံ၇င် လာ၇င်စမ်းကြည့်ဗျာ၊၊ ဂျပန်လူမျိုးတွေ တော်တော်များများက အပြင်ပန်း ကြွားဝါတာကိုတော့ လုပ်ကြတယ်ဗျ၊၊အ၀တ်အစားဆိုလည်းဈေးကြီးတာ၊၊ခေတ်နဲ့ အမှီဝတ်တာ ဗျ၊၊ အဘွားကြီးလည်းဒီဒီဇိုင်းဘဲ၊၊ ကောင်မလေးတွေလည်းဒီဒီဇိုင်းဘဲဗျ၊၊ အဘွားကြီးဆိုပြီး မြန်မာပြည်ကလိုတော့ ဖစ်သလိုနေမယ်မထင်နဲ့၊၊အပျံစားဝတ်ပြီးမှလမ်းထွက်တာဗျ၊၊ ကောင်မလေးတွေဆိုလည်း အပြင်ထွက်ဖို့ အေ၇းတော်တော်ပြင်ပုံ၇တယ်၊၊ မော်ဒယ်၇ှိုးထဲေ၇ာက်သွားသလို ဘဲဗျာ၊၊ အဲဒါပေမဲ့ သွားပြီး၇ိသဲ့ သဲ့ လုပ်မယ်တို့ .ပြောင်မယ်နောက်မယ်များတော့စိတ်မကူးလေနဲ့ ဗျား..ဥပဒေကတော်တော်ပြင်းထန်တယ်တဲ့ ဗျား၊၊ကျွန်တော်တောင်ပါးစပ်ကိုနောင်တော်တွေကပြောထားလို့ မနည်းဘ၇ိတ်အုပ်ထား၇တယ်၊၊နို့ မိုဆိုကျော်မကောင်းကြာမကောင်းဖြစ်မယ်လေ၊၊အဲဒီလို ၀တ်ဖို့ စားဖို့ မော်ကြွားနိင်ဖို့ လည်း ပြင်းပြင်းထန်ထန်အလုပ်လုပ်၇ပါတယ်၊၊ ၇လာတဲ့ ပိုက်ဆံကိုလည်း စားတာထက်အဲဒီလို အ၀တ်အစားအသုံးအဆောင်တွေဝယ်တာကိုပိုကုန်နေတာဗျ၊။
ဂျပန်လူမျိုးတွေကတော်တော်ယဉ်ကျေးခင်မင်တတ်ကြပေမဲ့ အတွင်းကျကျခင်မင်၇င်းနှီးမှု၇ဖို့ကတော့အချိန်ပေး၇ပါလိမ့်မယ်၊၊ လွတ်လွတ်လပ်လပ်ပြောဆို၇င်းနှီးဖို့ကတော့ အလွယ်တကူနဲ့၇ဖို့လွယ်ကူပါဘူးခင်မျာ၊၊ ဂျပန်လူမျိုးတွေ၇ဲ့နောက်ချစ်စ၇ာကောင်းတာကတော့ တဖက်သားကိုတော်တော်စဉ်းစားပေးတာပါဘဲခင်မျာ၊၊အဲဒီလိုညှာတာတာ..ထောက်ထားတာ ဟာလည်းမြင့်မြတ်တဲ့စိတ်ဓာတ်လို့ခံယူထားကြတာပါ၊။ ညှာတာလွန်းအားကြီးတော့ အားတောင်တော်တော်နာယူ၇တယ်ဗျာ၊။တခါတလေကိုယ်က ဘာကောင်မှလည်းမဟုတ်ဘူးလေ၊၊ သူတို့ ကြောင့်နည်းနည်းလေးကိုယ့်မှာ အဆင်မပြေဖြစ်လိုက်တာနဲ့တောင်းပန်လိုမဆုံးဘူးဗျာ၊၊ အသက်အ၇ွယ်အ၇ကိုယ်ကအများကြီးငယ်တာလေ။။ ဒါတောင်ခါးလေးညွတ်ညွတ်ပြီး တောင်းပန်လိုက်ကြတာမျက်နှာတောင်ပူတယ်ဗျ၊
ဟုတ်ကဲ့ဆက်ေ၇းချင်ပါသေးတယ်ဗျာ၊၊ ဒါပေမဲ့တခြားလုပ်စ၇ာလေးတစ်ခုပေါ်လာလို့ နောက်၇က်ကိုဆက်ေ၇းပေးပါ့မယ်၊၊ မသျှင်ကတော့ ကျွန်တော်ဘာတွေေ၇းနေပါလိမ့်လို့ ပြောနေပြီလားမသိဘူး၊၊ကျွန်တော်က ကျွန်တော့အမြင်လေး၇ယ် ၈ျပန်လူမျိုးတစ်ယောက်ကိုယ်တိုင်ေ၇းထားတဲ့ စာအုပ်လေး၇ယ်ကို မှီငြမ်းပြီးေ၇းလိုက်တာပါ၊၊
ကျေးဇူးပြုပြီးဝေဖန်အကြံ ပြုပေးကြပါဦးခင်မျာ၊၊
လေးစားစွာဖြင့် 
ရွှေနတ်သား
2010-05-15
မင်း မရှိလို့ မဖြစ်
သူနဲ့ မတွေ့ ခင်တုန်းက ကျွန်တော် သူများတွေကိုအားကျငေးမော နေခဲ့ ၇တာပေါ့ဗျာ၊၊
သူတို့ အတွဲလေးတွေသွားကြလာကြ..အတူတူမခွဲမခွာ၇ှိနေတာကိုကြည့်ပြီး ငါလည်းတနေ့ ၇ှိကို၇ှိ၇မယ်လို့ ပြတ်ပြတ်သားသားခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်တယ်၊၊ ( ကြိုးစားခဲပုံ)မ၇ှိလိုလည်းမတင့်တယ်တော့ဘူးလေ၊၊ကိုယ့်ကိုယ်ကိုယက်ပြီးတွေးတာပါ၊၊ဟီးး.ထိုင်နေလို့ တော့ဘာမှဖြစ်မလာဘူးဆိုတဲသီချင်းလေးညည်းပြီး၇ှာပုံတော်မင်းသားကြီးလုပ်၇တော့တာပေါ့ဗျာ၊၊ ၇ှာသောသူတွေ့၏ဆိုတဲ့အတိုင်းတွေ့တော့တွေ့ပါတယ်၊၊စိတ်တိုင်းကမကျဘူးဗျ..လိုချင်တာကတော့ အပျံစားမှ၊၊ ဗျာ..ဟုတ်ကဲ့ အသွားစားလို့ မ၇ဘူးခင်မျ၊၊ အာဂျာ..မနောက်ပါနဲ့ ..ဒီမှာဖီလင်တက်နေတာကို၊နားထောင်စမ်းပါဗျ၊၊ပြီးမှ ပြောပါဗျာ၊၊ ဘယ်ေ၇ာက်သွားပါလိမ့် ...အင်း အဲဒီအပျံစားပေါ့ဗျာ၊၊ မှီလိုမှီငြား ၇လို၇ငြား ကြိုးစားကြည့်တာပေါ့၊၊ တကယ်တမ်းတော့ အဲဒီလို အပေါ်လွှာတွေက ကျွန်တော်တို့ လို တောသားနဲ့ လုံးလုံးမ မကိုက်ဘူးဗျာ၊၊ သူတို့ ကလည်း ဖုတ်လေတဲ့ ငပိ၇ှိတယ်လို့ တောင်မထင်ဘူးဗျ၊၊ တိတ်တိတ်လေးဘဲအဝေးကကြည့်နေ၇ုံပေါ့လေ၊၊အဲဒါနဲ့ကိုယ်ကိုယ်ကိုပြန်ဆုံးမ၇တယ်..မင်းကဘယ်လောက်ချမ်းသာလို့  သူတို့ကိုမှန်းနေ၇တာတုန်းကိုယ်နဲ့တန်၇ာတန်၇ာမမှန်းဘူး...ဘာညာနဲ့ ပြန်ဟောက်လိုက်တော့မှ အမြင်မှန်၇သွားတယ်၊၊ အဲဒီမှာသူနဲ့ စတွေ့ တာပါဘဲဗျာ၊၊ စပြီဗျို့ 
အပြာနဲ့အနက်လေးကိုလှလှပပတွဲဝတ်ထားတယ်၊၊ ဘော်ဒီကလည်းကိုယ့်ဆ၇ာတို့အကြိုက်..စလင်းဘော်ဒီလေးနဲ့ ..တော်သေးတယ်..ကို၇ီးတို့ ..ကိုဇော်တို့..ဦးတိုး.ကိုကျော်ဆက်တို့ မတွေ့ ခင်ကျွန်တော်အ၇င်တွေ့ မိလိုက်လို့ ၊၊နို့ မို့ ဆို
မချောင်ဘူး...သူတို့ က၀ိုင်းလုနေမှာ၊၊ သူကို တွေ့ လိုက်တာနဲ့ ၇င်တွေကလည်းတဒိန်းဒိန်း
ခုန်နေပြီ၊၊ ပြီးတော့ သူနဲ့ ကိုယ်နဲ့ ကလည်း အလှမ်းမဝေးဘူးဗျ၊၊ ကျွန်တော် အသေအလဲ ကြိုက်သွားပြီ၊၊ အဆင်းေ၇ာ..အချင်းေ၇ာပါ ပြည့်စုံတယ်ဗျာ၊၊ အဲ..ဒါပေမဲ့ သူက စိန့် တိုင်း
သွေးမျိုးဗျ၊၊ အို..ဒါလည်းးဘာဖြစ်လည်းပေါ့နော်၊၊ တို့ ကဆွေ မျိုးပေါက်ဖော် တွေဘဲဟာ၊၊
နောက်ဆုံး ကလူ၏သို့ မြူ၏သို့ ဘာညာ လုပ်လိုက်တော့ သူလေးကကျွန်တော့
ဘေးနားေ၇ာက်လာတာပေါ့.။။။ ဟဲ..သိတယ်မလားေ၇ွှမြန်မာဘဲဟာ၊၊ အခုတော့ ကျွန်တော်လည်း သူများတွေလို ၀င့်ဝင့် ကြွားကြွားပေါ့ဗျာ၊၊ သွားလေ၇ာ သူလေးနဲ့ တတွဲ
တွဲ..အိမ်သာတက်၇င်တောင်မတတ်သာလိုအပြင်မှာစောင့်ခိုင်းထား၇တာ၊၊သူများတွေများ
တွေ့၇င်လည်းသူ လေးအကြောင်းပြော၇ကြွား၇တာအမော၊၊ သူလေးကဘယ်လိုတော်တာ
ကျွန်တော့် ကိုဘယ်လိုချစ်တာ စုံလို့ ပေါ့ဗျာ၊၊ တကယ်ကို သူကကျွန်တော့်အပေါ်ချစ်၇ှာတယ်၊၊ ကျွန်တော့်၇ဲ့ အချိန်တော်တော်များများ သူလေးမျက်နှာကြည့်ပြီးကုန်ခဲ့တယ်
တချက်မငြီးဘူးဗျာ၊၊ကျွန်တော့်ကျောင်းစာတွေကိုလည်းသူလုပ်ပေးတယ်၊၊ ဦးနှောက်ကလည်းတော်တော်ကောင်းတယ်ဗျာ၊၊ ဘာသာစကားကလည်း တော်တော်များ
များပြောတတ်တယ်ဗျ၊၊ မြန်မာစကားတောင် ကျွန်တော်သင်ပေးထားတာနဲ့ တတ်နေပြီ၊၊
တခါတလေ..သူတိုစိန့်တိုင်းက ဘူးသီးငါးပေါင်းတွေ နဲ့ ကျွန်တော့် ကိုစိတ်ဆိုး၇င်ပြောတတ်
သေးတယ်၊၊ဒီကဘယ်၇မလည်းဒါမျိုးဆိုမသိချင်ယောင်ဆောင်ပြီးနေလိုက်တယ်၊၊ဘာတတ်နိင်သေးလည်းပေါ့ကွာ၊၊
ကျွန်တော်ကမထင်၇င်မထင်သလို အနိင်ကလည်းကျင့်သေးတာဗျ၊၊ သူပင်ပန်းနေတာတွေဘာတွေနားမလည်ဘူး..ကျွန်တော်လုပ်စေချင်တာကိုဇွတ်လုပ်ခိုင်းတာဘဲ၊၊ အကျင့်ကိုကမကောင်းတာပါဗျာ၊၊သူလည်းကျွန်တော်နဲ့တွေ၇တာစိတ်တော်တော်ညစ်လောက်တယ်၊၊
ဒါပေမဲ့  သူတစ်ခွန်းမှ ကျွန်တော့် ကို အပြစ်မပြောခဲ့ ဘူးဗျာ၊၊ သူ့ ကို ပစ်ထားခဲ့ ပြီးကျွန်တော် သွားချင်၇ာသွား..လာချင်၇ာလာနေခဲ့ တာတွေလည်းအများကြီးဘဲ..ဒါပေမဲ့ ကျွန်တော် လိုအပ်နေချိန်တိုင်းမှာ သူ အမြဲ့ အဆင်သင့်၇ှိနေခဲ့ တယ်၊၊ သူလည်းတခါတလေ နေမကောင်းကိုယ်လက်မအီမသာဖြစ်တာလည်း၇ှိချင်၇ှိမှာပေါ့လေ
ကျွန်တော် နားမလည်ခဲ့ ဘူးဗျ၊၊ ကျွန်တော်လိုချင်တာ မ၇၇င် သူ့ ကို အော်မိတော့တာဘဲ
နင်တော့ နာတော့မယ်တို့ ..ငါ လုပ်လိုက်၇..တို့ ပေါ့ဗျာ၊၊ သူကလည်းအဲဒီအခါမျိုးကျ၇င် နားမလည်ချင်ယောင်ဆောင်နေပြန်ေ၇ာ၊၊ ဘာဘဲဖြစ်ဖြစ်ဗျာ..ကျွန်တော်တို့ နှစ်ယောက်ကြားမှာ အဆင်မပြေတာတွေလည်း၇ှိ ပြေတာတွေလည်းး၇ှိခဲ့ တယ်၊၊ အခုထိတော့ နားလည်မှုနဲ့  လက်တွဲနေကြတုန်းပါဘဲ၊၊ တကယ်တမ်းလည်းကျွန်တော့်ဘ၀မှာသူ မ၇ှိလို့ မဖြစ်ပါဘူး၊၊ သူ ဟာကျွန်တော့်အတွက် အေ၇းပါတဲ့ အစိတ်အပိုင်း တစ်ခုပါ၊၊ သူ အကုန်လိုက်လုပ်ပေးခဲ့ လို့  ကျွန်တော် အခုဆို သူမပါဘဲ ဘာမှမလုပ်တတ်တော့ဘူးဗျာ၊၊ အခုတလော သူ သူ့ မိဘအိမ်လေးပြန်အုံးမယ်တဲ့ ၊၊ ကျွန်တော်လွမ်းနေတော့မှာဘဲဗျာ၊၊
သူငယ်ချင်းတို့ ..ဘယ်လိုလည်း..သင့်မှာကော ကျွန်တော့်လို
ချစ်စ၇ာကောင်းတဲ့  သူလေးတွေ...၇ှိမှာပေါ့နော်၊၊သူငယ်ချင်းတို့ အတွက်ကော သူလေးက
ဘယ်လောက်အေ၇းပါလည်း သူငယ်ချင်းတို့ ဘ၀မှာ၊၊ ကျွန်တော့် အတွက်ကတော့ေ၇ှ့ လျှောက် သူ မပါလို့ မဖြစ်တော့တဲ့ အခြေအနေမှာဘဲဗျာ၊၊
အာ.. မေ့နေလို့ ဗျို့ ...သူလေးနာမည်မပြော၇သေးဘူး...သူ့ အကြောင်းပြောချင်ဇောကြီးပြီး
မိတ်ဆက်ပေးဖို့ သတိမ၇ဘူးဖြစ်နေတာ၊၊ သူလေးနာမည်က သေချာမှတ်ထားနော်၊၊
Acer Aspire 5738 -V5 တဲ့ ဗျ၊၊
လေးစားစွာဖြင့်
ရွှေနတ်သား