ရွှေနတ်သား

2010-04-25

လွမ်းတဲ့  မြို့ 

ဟိုး အဝေးမှာမြင်နေရတဲ့ တောင်တန်းတွေရဲ့ နောက်မှာငါ့မြို့ လေးပုန်းနေတယ်ကွာ၊၊ သိပ်ကို
လှပတဲ့ မြို့ ...ထင်းရှူးတောင်ကုန်းလေးတွေ...မစိုက်ဘဲပွင့်ပေးနေတဲ့  အလေ့ ကျပန်းလေးတွေနဲ့  သိပ်ကိုအလိုက်သိတဲ့ မြို့ လေး၊၊ မနက်ဆို စောစောမထချင်တဲ့ ငါ့အတွက် နောက်ကျမှနေထွက်ပေးတဲ့ မြို့ လေးငါသိပ်ကြိုက်တဲ့  နှင်းတွေဝေ နေအောင်ဖန်တီးပေးထားတဲ့ မြို့ လေး၊၊လမ်းတွေ့ သမျှ လူကိုဟက်ဟက်ပက်ပက်ပြုံးပြခွင့် ၇ှိတဲ့ မြို့ လေး၊၊ညနေဆိုလမ်းပေါ်မှာစိန်ပန်းတွေ ခင်းပေးထားတဲ့ မြို့ လေး၊၊နင်နဲ့ လက်လေးတွဲပြီးလျှောက်ဖို့  လမ်းလေးတွေပြင်ဆင်ပေးထားတဲ့ မြို့ လေး၊၊ ညဖက်ဆိုစောစောတိတ်လို့  ကောင်းသောအိပ်စက်ခြင်းကိုယူလာပေးတဲ့ မြို့ လေး၊၊အနေအေးပေမဲ့ နွေးထွေးလှတဲ့ အငွေ့ အအသက်တွေနဲ့ လွှမ်းခြုံပေးထားတဲ့ မြို့ လေး၊၊လူတန်းစားမခွဲခြားတတ်တဲ့ မြို လေး၊။အေ၇ာင်စုံလိပ်ပြာတွေ အသက်ဝင်နေတဲ့ မြို့ လေး၊၊ ဘာသာတ၇ားတွေစည်းလုံးချစ်ခင်ကြတဲ့ မြို့ လေး၊။ပေါ့ကျတစ်ခွက်နဲ့ စိတ်အေးလက်အေးထိုင်လို့ ၇တဲ့ မြို့ လေး၊၊ပေါက်ကွဲနေတဲ့ အိတ်ဇောသံရန်ကဝေး
တဲ့ မြို့ လေး၊၊ကြိုက်တတ်ရင် ငြိမ့် ငြိမ့်လေးလွင့်နေလို့ ၇တဲ့ ညနေတွေ ရှိနေတဲ့ မြို့ လေး၊၊ကလောက်ကနေ
ပြောင်းသွားတဲ့ ငါမြို့ လေး၊၊ပြန်လာမယ်..ငါမြို့ လေးေ၇..ငါပြန်လာခဲ့ မယ်...

လေးစားစွာဖြင့်
ရွှေနတ်သား

5 comments:

  1. မပြန်သေးခင် အော်လံလေး တပ်သွားပါဦး...
    ဟိုအော် ဒီအော်..အော်ရအောင်လို့

    ReplyDelete
  2. အေးချမ်းတဲ့ မြို့ကလေးပေါ့ ဟုတ်လား..။ ဒါဆို
    အစ်မလည်း လာလည်မယ်..။

    ReplyDelete
  3. ဏီလင်းညိုApril 26, 2010 at 6:48 AM

    ရွှေနတ်သားရေ......
    ကိုဏီရောက်လာတယ်ဗျ.....း))
    ကိုကြီးကျောက်....အော်သွားသလို....အော်လံ (စီဘောက်)လေးတပ်ပါဦးဗျား.....။
    အားပေးနေမယ်.....း))

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  4. ဟုတ်..လာလည်ကြတဲ့ အကိုအမတွေအားလုံးကျေးဇူးတင်ပါတယ်
    ခင်မျာ....အခုမှစလုပ်ခါစမို့  ပြည့်ပြည့်စုံစုံ မ၇ှိသေးတာကိုးအားနာပါတယ်....မကြာခင်စီဘောက်တပ်ပါ့မယ်ခင်မျာ...

    ReplyDelete
  5. တောင်တန်းတွေ ၊ ထင်းရှုး တွေ နဲ့ မြို့ ကလေး ဆိုတော့ ....
    ရှမ်းပြည်နယ်ကလား ၊ .. ကလော မြို့  ကို ဒီလို တင်စားကြတာ တွေ ဖတ်ဖူးလို့ပါ ။
    အခွင့်သာရင်တော့ အလည်တခေါက်ရောက်ချင်ပါတယ် ရွှေနတ်သားရေ ။

    ReplyDelete