ရွှေနတ်သား

2010-04-23

သားတို့ ကိုလည်း သတိ၇ပေးပါ

သားနာံမည်ကတော့ ဖိုးထူးပါ...အင်း..ကျောင်းနာံမည်ကတော့ မြင့်ကျော်ပါ၊၊ ဒါပေမဲ့
အားလုံးက ဖိုးထူးဆိုတဲ့ အိမ်နာမည်ဘဲခေါ်ကြတော့လေ..နာမည်အ၇င်းတောင်မေ့ချင်ချင်ပါဘဲ၊၊
အကိုက ကျွန်တော့် အကြောင်းသိချင်လို့ ..ဟုတ်လား.၊၊ အကိုကလည်းကျွန်တော်တို့ ဘ၀က ဘာစိတ်ဝင်စားစ၇ာကောင်းမှာလည်း...ဒါပေမဲ့ အကိုသိချင်၇င်လည်းပြောပြပါ့မယ်၊၊
အသက်ကတော့ ၁၀ နှစ်ပါ အကိုေ၇၊၊ ကျောင်းလား ? ဟုတ် အကို
မနေတော့ဘူးလေ၊၊ မနှစ်က စပြီးကျောင်းထွက်လိုက်တယ်လေ၊၊ ဘာလို့ လည်းလို့ မေးတာလား၊၊
နေလိုမ၇တော့ဘူးလေအကို၇ဲ၊၊အမေကနေမကောင်းတော့ဈေးမေ၇ာင်းနိင်ဘူး၊၊အဖေကလည်း၇သမျှ အ၇က်သောက်နေတာ၊၊ အကိုပြောသလို ကျောင်းနေချင်တာပေါ့ ဗျာ၊၊စာတွေလည်းတတ်ချင်ပါ့၊၊ သူငယ်ချင်းတွေနဲ့ လည်း ကျောင်းတက် ၊စာကျက်နဲ့ ပျော်ပျော်ကြီးနေချင်တာပေါ့ အကို၇ယ်၊၊
ကျွန်တော် ငါးတန်းအောင်တက်နှစ်မှာဘဲ ကျောင်းဆက်မတက်ဖြစ်တော့တာ ၊၊အိမ်မှာက မောင်
နှမအားလုံး လေးယောက်၇ှိတာ၊၊ကျွန်တော်က အကြီးဆုံးလေ၊၊အငယ်ဆုံးလေးက အခုမှ တစ်နှစ်
သူ့ အထက် ညီမလေးက သုံးနှစ်၊ အောက်ကညီလေးက ခွန်နှစ်နှစ်၊ ညီလေးကိုတော့ကျောင်းထား
ပေးထားပါတယ်၊၊ စ၇ိတ်တွေကလည်းကြီးတော့ နှစ်ယောက်စာမတတ် နိင်ဘူးလေအကို၇ယ်၊၊
အဲဒါနဲ့ ကျွန်တော်လည်းညီလေးကိုငဲ့ ပြီးကျောင်းထွက်လိုက်တာလေ၊၊
ကျောင်းထွက်ပြီး မဆော့၇ပါဘူးအကို၇ယ်၊၊ မထင်ပါနဲ့ ၊၊ အ၇င်က အမေက ဈေးေ၇ာင်းထွက်တယ်
လေ၊၊ ၇ာသီစာ ပေါ့ ၊၊ အ၇င်းအနှီးကတော့ ဒီလိုဘဲ ကြံ၇ဖန်၇တာပေါ့ ၊၊ ကိုယ့်မှာက ဘာမှမှ မ၇ှိ
တာ၊၊ နေ့ ပြန်တိုးပေါ့ ၊၊ကျွန်တော်လည်း သေချားနားမလည်ပါဘူး၊၊လူကြီးတြွေေ့ပာနေတာကြား
ဖူးတာ၊၊အဲဒီတုန်းက ကျွန်တော်ကျောင်းတက်သေးတယ်လေ၊၊ တခါတလေ အမေက ကျောင်းနား
မှာလာေ၇ာင်းတယ်၊၊ ဒါပေမဲ့  ဆ၇ာတွေ ဆ၇ာမတွေက ယင်နားစာတွေ မေ၇ာင်း၇ဘူး ဆိုလို့ 
နောက်ပိုင်းလာမေ၇ာင်းတော့ဘူး၊၊ အမေကလည်းသူ့ေ၇ာင်းတာတွေကို သေချာလေးအုပ်ထား
တာပါ၊၊ ဘာလို့ ပေးမေ၇ာင်းတာလည်းတော့ကျွန်တော်လည်းမသိဘူးဗျ၊၊
အမေလည်း နေမကောင်းဖြစ်တာတွေများများလာတယ်၊၊ အဖေ
ကလည်းလက်သမားနောက်လိုက်လုပ်တယ်လေ၊၊ဒါပေမဲ့ အလုပ်မ၇ှိတဲ့ ၇က်က ခပ်များများပါ၊၊
အလုပ်မ၇ှိတော့ စိတ်ညစ်တယ် ဆိုပြီး အ၇က်ဘဲထိုင်သောက်နေတာဘဲ၊၊ အလုပ်က၇ှိပြန်၇င်လည်း
ပင်ပန်းတယ်ဆိုပြိးသောက်တာပါဘဲ၊၊ အကိုတို့ ကော..ပင်ပန်းလို့ လာတာလား၊၊ စိတ်ညစ်လို့ လာ
တာလား၊၊ မေးကြည့်တာပါအကို၇ယ်၊၊ အဖေ့ ကိုလည်း အကိုတို့ သောက်တဲ့ ဘီယာဆိုတာလေး
သောက်စေချင်လိုက်တာ၊၊..အော် အကိုကလည်း မကောင်းမှန်းတော့သိပါတယ်၊၊ပြောပြီးအကိုကျ
တော့ သောက်နေတာဘဲမလား၊၊
စီးပွာေ၇း အကြောင်းပြောပါဆိုလို့ ကျွန်တော်က ဘာသိမှာလည်း
အကို၇၊၊ မနက်စောစောထ ခြံကိုသွားတယ်လေ၊၊ ခြံဆိုတာ ငုံး ဥခြံပေါ့ အကိုကလည်း၊၊ ဟိုမှာ
ဥတွေ ယူုပြိး၇င် အိမ်မှာ အမေကေ၇နွေးအိုးတည်ပြီးစောင့်နေတယ်လေ၊၊ငုံးဥလေးတွေ ကျက်၇င်
အိတ်လေးတွေနဲ့ ထည့်ပြီးဗန်းလေးပေါ်တင်ပေးထားတယ်၊၊ ကျွန်တော်ကတော့ ထမင်းကြမ်းခဲ
နဲ့ ငါးပိ၇ည်ကြဲကြဲလေးစားပြီး၇င် တနေ့တာဈေးေ၇ုာင်းထွက်ပြီလေ၊၊ ကျွန်တော်တို့ နေတဲ့ နေ၇ာ
က မြို့ သစ်လေအကို၇ဲ့ ၊။ လိုင်းကားမစီးနိင်ပါဘူးအကို၇ယ်၊၊ ဒီလို ဘဲ ခြေကျင်လာ၇တာပေါ့
တခြား ကျွန်တော့်လို အိမ်နားလေးက တခြားသူတွေလည်းဈေးေ၇ာင်းထွက်ကြတယ်၊၊ ကိုယ့် 
နယ်မြေနဲ့ ကိုယ်ပေါ့၊၊ ဒါက ကျွန်တော့် အပိုင်လေ၊၊ ဒီဆိုင်က လူစည်တော့ မဆိုးပါဘူးအကို၊၊
အမြတ်လား.. တအားတော့ဘယ်မြတ်မလည်းအကိုရာ၊၊ နေ့ခင်းကြ
တော့ ဗိုက်ဆာတော့ တစ်ခုခုဝယ်စား၇သေးတယ်လေ၊။ ထမင်းနေ့ တိုင်းမစားနိင်ဘူး လေ၊၊
အဆာလည်းပြေ ၊ဗိုက်လည်းဝတဲ့ အသုပ်လိုမျိုးကိုစား၇တာဘဲ၊၊အမေကလည်းကျွန်တော်ပြန်လာ
မှ ဆန်ဝယ်၇မှာလေ၊၊ကျွန်တော်လည်း ကလေးဘဲလေ အကို၇၊ပျော်ချင်ပါတယ်၊ ဆော့နေချင်တာ
ပေါ့၊ သူများတွေလို လည်းကျောင်းတက်ချင်တယ်၊ ကျွန်တော်တို့ ထက်စာ၇င် ဟိုမိဘမဲ့ ကျောင်း
ကကလေးတွေကတော့ အလှူ၇ှင်တွေ၇ှိတော့ကျောင်းတက်နိင်ကြသေးတယ်လေ၊၊ကျွန်တော်တို့ 
ကို ဘယ်သူလာလှူမှာလည်းအကို၇၊၊ ကိုယ်လုပ်မှကိုယ်စား၇မှာပါအကို၇ာ၊၊
အမေ့ ကိုလည်းဆေးကုပေးချင်တယ်အကို၇ယ်၊၊ ပိုက်ဆံကလည်းမ၇ှိ
ဘူး၊၊၇ိုး၇ိုးသားသားဈေးေ၇ာင်းစားပါတယ်၊၊ တစ်ချို့ ကလည်း တောင်းစားတဲ့ သူတွေလို ဆက်ဆံ
တာတွေလည်း၇ှိတယ်၊၊ ငုံးဥပြုတ်လေး ၀ယ်ပါဦးဆို၇င် ငေါက်ထုတ်တယ်၊၊တစ်ချို့ ကတော့ ဈေး
ဆစ်တယ်၊၊သူတို့ ဝိုင်းလေးနား သွားပြီးဝယ်မလားလို့ စောင့်နေ၇ုင် တစ်ခုခုများ အလစ်သုတ်မ
လားထင်ပြီး စားပွဲထိုးကို ပြောခိုင်းတယ်၊၊ တစ်ချို့ ကလည်း ငုံးဥမ၀ယ်ဘဲ ပိုက်ဆံပေးတယ်၊၊
မယူချင်ဘူးအကို၊။ကျွန်တော် သူတောင်းစားမှမဟုတ်တာ၊၊ အ တယ်လို့ ပြောမှာလား
ရည်မှန်းချက် ဟုတ်လားအကို.. မပြောတတ်ပါဘူး၊၊ လောလောဆယ်
အမေနေကောင်းစေချင်တယ်၊၊ ဆေးကုပေးချင်တယ်၊၊ အဖေကိုလည်း သူကြိုက်တဲ့ အ၇က်တွေ
အများကြီးဝယ်ပေးထားချင်တယ်၊၊ ညီလေးတွေ နဲ့  ညီမလေးကို ပညာတတ်ကြီးတွေဖြစ်စေ
ချင်တယ်၊၊ကျွန်တော်တို့ အိမ်လေးလည်းပြင်ချင်တယ်အကို၊၊ မိုး၇ွာတော့မယ်၊၊ မလုံဘူးခေါင်မိုးက
မိုး၇ွာ၇င်ေ၇တွေယိုတယ်ဗျ၊၊ စု၇မယ်....တနေ့ တနေ့ တောင် ဆန်ဖိုးနဲ့ ဟင်းဖို့ တောင်အနိုင်နိင်
အကိုကလည်း၊၊ဘယ်လို စုလို့ ၇မှာလည်း၊၊ အင်းပေါ့လေ..ထီထိုးမယ် အကိုေ၇.. ထီပေါက်၇င်
ငုံးခြံ အကြီးကြီးထောင်မယ်၊၊ အဖေနဲ့ အမေနဲ့ မောင်နှမတွေကို ကောင်းကောင်းထားမယ်၊၊
ကြက်သားဟင်းနေ့ တိုင်းစားမယ်လေ၊၊ ကျွန်တော်ကတော့ ညနေဆို အကိုတို့ လို ပင်ပန်းတယ်
ဆိုပြီး ဘီယာနေ့ တိုင်းလာသောက်မယ်လေ၊၊ကျန်တာလည်း ကျွန်တော် မသိပါဘူး အကိုေ၇
အားပေးတာလည်းကျေးဇူးတင်ပေါ့၊၊ ဟိုဘက်ဝိုင်းတွေ သွားေ၇ာင်းကြည့် လိုက်အုံးမယ်ဗျာ
အကိုမြို့သစ်ေ၇ာက်၇င်လာလည်လေ၊၊မြောက်ပိုင်းမှာ ဖိုးထူးတို့ အိမ်ဆိုမေးလိုက်ပေါ့
ပြောသာပြောတာ အကိုတို့ လည်း ဒီကပြန်၇င် ကျွန်တော်ပြောတာတွေ မေ့သွားမှာပါ၊ကဲ သွားပြီ
အကိုေ၇..အားပေးတာကျေးဇူးဗျို့ 
လေးစားစွာဖြင့် 
ရွှေနတ်သား

3 comments:

  1. ကြိတ်ထား ညီရေ
    ပထမဆုံးပိုစ့်လေး ဂွတ်တယ် ညီ။

    ReplyDelete
  2. ဂွတ်...
    ပို့စ်ဟောင်းဆိုပေမဲ့ . .
    ဒါလေးက ရေးတာ သွက်တော့ ဖတ်ရတာ မရိုးဘူး..။

    ReplyDelete
  3. ဒီလို ကလေးသူငယ်မျိုးတွေ ဘယ်လောက်တောင်များရှိနေကြမလည်း နော် ...ပညာလိုချင်ရက် နဲ့ မသင်ယူနိုင်ကြရှာဘူး ။
    ကလေး လေး နေရာက ခံစားပြီး ရေးထားတာ ဆွဲဆောင်မှု အပြည့် ရှိတယ်။

    အားပေးလျှက် ...
    မကိ ။

    ReplyDelete